ကလပ်နှင့် ဆလော့ကို ဝေဖန်ခဲ့တဲ့ ဆာလက်ကို အင်တာမီလန်နှင့်ပွဲတွင် လူစာရင်းတွင်ပင် မထည့်သွင်းရန် လီဗာပူးစဉ်းစားနေ
======================

လီဗာပူးဟာ အင်တာမီလန်နှင့် ကစားရမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွင် မိုဟာမက်ဆာလက်ကို လူစာရင်းထဲတွင်ပင် မထည့်သွင်းဘဲ အိမ်တွင် ချန်ထားရစ်ခဲ့ရန် စဉ်းစားနေပါတယ်။
လီဗာပူးအသင်းတာဝန်ရှိသူများဟာ လိဒ်နှင့်သုံးဂိုးစီသရေကျတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွ်င နည်းပြအန်းဆလော့နှင့် မည်သည့်ဆက်ဆံရေးမှ မရှိကြောင်း၊ လီဗာပူးတာဝန်ရှိသူများဘက်က ကတိချိုးဖောက်ကြောင်း ဝေဖန်ခဲ့တဲ့ ဆာလက်အား အရေးယူရေးနှင့်ပတ်သက်ပြီး အလေးအနက်ထား ဆွေးနွေးနေကြပါတယ်။
ဆာလက်ဟာ လိဒ်နှင့်ပွဲစဉ်တွင် လီဗာပူးကစားသမားဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက် အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။
ယင်းနောက် ဆာလက်ဟာ လီဗာပူးအတွက် ဂိုး ၂၅၀ သွင်းယူကာ ဆုဖလားများစွာ ရယူနိုင်ရေး အဓိကနေရာမှ ကူညီခဲ့ပေမယ့်လည်း အသင်းရဲ့ ရလဒ်ဆိုးရွားမှုများအတွက် သူ့ကို အပြစ်ပုံကျလာအောင် ဆလော့နှင့် လီဗာပူးတို့ လုပ်နေကြောင်း စွပ်စွဲဝေဖန်ခဲ့ပါတယ်။
ယနေ့တွင် Daily Mail ရဲ့ဖော်ပြလာမှုအရ လီဗာပူးဟာ ကြားရက်တွင် ဆန်စီရိုသို့ သွားရောက်ကာ အင်တာမီလန်နှင့်ပွဲအတွက် လီဗာပူးလူစာရင်းတွင် ဆာလက်ကို ထည့်သွင်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးနေကြကြောင်း သိရပါတယ်။
လီဗာပူးတာဝန်ရှိသူများဟာ ရလဒ်ဆိုးရွားနေပေမယ့်လည်း နည်းပြအန်းဆလော့အပေါ်တွင် အပြည့်အဝထောက်ခံအားပေးနေဆဲ ဖြစ်ပြီး ကျောနံပါတ် ၁၁ ကစားသမားအား အရေးယူနှင့်ပတ်သက်ပြီး အလေးအနက်ထား ဆွေးနွေးနေကြပါတယ်။
လီဗာပူးနည်းပြဆလော့ဟာ အင်တာမီလန်နှင့်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ဆာလက်နှင့်ပတ်သက်တဲ့ မေးခွန်းများ မေးမြန်းခြင်းကိုလည်း ရင်ဆိုင်လာရပါဦးမယ်။

image