ကိုယ်ဝန်လွယ်ထားရတယ်ဆိုပြီး ဆန်ဟောင်မင်းကို ပေါင် ၂ သိန်းခြိမ်းခြောက်ငွေညှစ်ခဲ့တဲ့အမျိုးသမီး ထောင်နန်းစံရတော့မည်
========================

ဆန်ဟောင်မင်းအား ကိုယ်ဝန်လွယ်ထားရတယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်မှု ပြုလုပ်တဲ့ အမျိုးသမီးကို ထောင်ဒဏ်ချမှတ်လာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၀ ကျော် အရွယ်အမျိုးသမီးဟာ တောင်ကိုရီးယားအသင်းခေါင်းဆောင်ထံမှ ပေါင် ၂၀၀၀၀၀ ခြိမ်းခြောက်ငွေညှစ်မှု ပြုလုပ်တဲ့အပြင် နောက်ထပ်လည်း ခြိမ်းခြောက်မှု ပြုလုပ်ခဲ့တာပါ။
ယခုအခါ ဆိုးလ်ဗဟိုခရိုင်တရားရုံးက Wags ဖြစ်လိုတဲ့ ယန်အမည်ရှိ ယင်းအမျိုးသမီးအား ဆန်ဟောင်မင်းရဲ့ နာမည်ကျော်ကြားမှုကို လက်နက်အဖြစ် အသုံးချကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြုလုပ်မှု၊ ငွေညှစ်ခြိမ်းခြောက်မှုတို့ဖြင့် ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
ယန်အမည်ရှိ အမျိုးသမီးဟာ ဆန်ဟောင်မင်းထံသို့ အာထရဆောင်းရိုက်ကူးထားတဲ့ ဓာတ်ပုံအား ပေးပို့ကာ ငွေမပေးပါက လူသိရှင်ကြားဖြစ်အောင် လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
သူမဟာ ဆန်ဟောင်မင်းထံမှ ရရှိတဲ့ ငွေများကို တန်ဖိုးကြီးပစ္စည်းများ ဝယ်ယူသုံးစွဲပြီးနောက် ယခုနှစ်တွင် နောက်ထပ် ပေါင် ၃၅၀၀၀ ဝန်းကျင်ထပ်မံ တောင်းဆို ငွေညှစ်ခဲ့ပြန်ပါတယ်။
ယန်နှင့်အတူ အမှုတွင် ပါဝင်ခဲ့တဲ့ ယွန်အမည်ရှိ အမျိုးသားကိုလည်း ထောင်ဒဏ် ၂ နှစ်ချမှတ်မှု ပြုလုပ်လာပါတယ်။
၎င်းတို့နှစ်ဦးဟာ မေလကတည်းက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် LAFC တွင် ကစားနေတဲ့ ဆန်ဟောင်မင်းဟာ ပြီးခဲ့တဲ့လတုန်းက တံခါးပိတ် ရုံးချိန်းတက်ရောက်ကာ ထွက်ဆိုချက်ပေးခဲ့ပါတယ်။
တဖက်တွင် တရားရုံးက ယန်ဘက်က ကလေးအဖေဘယ်သူဆိုတာကို အတည်ပြုလာခြင်း မရှိသလို၊ ကိုယ်ဝန်လွယ်ခဲ့ရခြင်း ရှိ/မရှိကိုလည်း အတည်ပြုပေးခဲ့ခြင်း မရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
တဖက်တွင် ဒေသတွင်း မီဒီယာများက ယန်မှာ ကိုယ်ဝန်လွယ်ခဲ့ရပေမယ့် ပျက်သွားခဲတယ်လို့လည်း ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဆန်ဟောင်မင်းက ယင်းအမျိုးသမီးကို ယခင်ကတည်းက သိထားခဲ့ကြောင်းလည်း မီဒီယာများရဲ့ ဖော်ပြမှုအရ သိရပါတယ်။

image