လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုပြီးတဲ့နောက် တစ်ဂိုးလျှင် ပေါင် ၂ သန်းနှုန်းအထိ ငွေအမြောက်အမြား ရရှိနေတဲ့ ဆာလက်ရဲ့ စာချုပ်ပါအချက်အလက်များ
======================

မိုဟာမက်ဆာလက်ဟာ ဧပြီလတုန်းက လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီးတဲ့နောက် ငွေအမြောက်အမြား ရရှိနေပါတယ်။
ဒါပေမယ့် အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ ပြီးခဲ့တဲ့အပတ် လိဒ်နှင့် သုံးဂိုးစီသရေကျတဲ့ပွဲအပြီးမှာ အန်းဆလော့နှင့် ကလပ်ကို အပြင်းအထန် ဝေဖန်မှု ပြုလုပ်ခဲ့လို့ အန်ဖီးလ်အနာဂတ် မရေမရာ ဖြစ်နေကာ ဇန်နဝါရီတွင် ထွက်ခွာမယ်လို့ ယူဆရပါတယ်။
အီဂျစ်စူပါစတားက အန်းဆလော့နှင့် မိမိအကြား ဆက်ဆံရေး ပြီးပြတ်သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သလို အသင်းရဲ့ ရလဒ်ဆိုးရွားမှုများအတွက် ၎င်းအပေါ်တွင် အပြစ်ပုံချရန် ကြိုးပမ်းနေကြောင်း စွပ်စွဲပြောဆိုခဲ့သလို ဇန်နဝါရီတွင် ထွက်ခွာနိုင်ကြောင်းလည်း အရိပ်အမြွက်ဆိုသွားပါတယ်။
ဆလော့ဟာ လွန်ခဲ့တဲ့ ရှစ်လခန်ကမှ လီဗာပူးနှင့် ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူပါ။
သူဟာ ဆော်ဒီသို့ ပြောင်းမယ်လို့ ယူဆခဲ့ရပြီးမှ စာချုပ်သစ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဆာလက်ဟာ နောက်ဆုံးစာချုပ်သစ်ကြောင့် တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ အထိ ရရှိနေရာ ပြီးခဲ့တဲ့ ရှစ်လတာကာလအတွင်း ငွေအမြောက်အမြား ရရှိနေပြီးလည်း ဖြစ်ပါတယ်။
သူ့ဟာ စာချုပ်သစ်ချုပ်ဆိုပြီးတဲ့နောက် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ် ၂၆ ပွဲကစားခဲ့ရာမှာ ပေါင် ၁၄ သန်းအထိ ရရှိထားပြီး ဖြစ်ပါတယ်။
သူဟာ လီဗာပူးအတွက် တစ်ပွဲလျှင် ပေါင် ၅၈၆၃၁၉ နှုန်းဖြင့် ရရှိထားတာ ဖြစ်ပါတယ်။
သူဟာ ယင်းပွဲများတွင် ၂၁၄၉ မိနစ်ကစားထားတာ ဖြစ်ပြီး တစ်မိနစ်ကစားခအဖြစ် ပေါင် ၆၅၁၄ အထိ ရထားပါတယ်။
သူဟာ လီဗာပူးအတွက် တစ်စက္ကန့်ကစားပေးမှုအတွက်‌ ပေါင် ၁၀၈.၅၇ အထိ ရထားပါတယ်။
တဖက်တွင် စာချုပ်သစ်ချုပ်ဆိုပြီးနောက် လီဗာပူးအတွက် ၇ ဂိုးတည်းသာ သွင်းထားနိုင်ရာ ဆာလက်ဟာ သွင်းဂိုး ၁ ဂိုးစီအတွက် ပေါင် ၂ သန်းအထိ ရထားပါတယ်။
သူဟာ ယနေ့ တနင်္လာနေ့ လီဗာပူးရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်ပေမယ့်လည်း အင်္ဂါနေ့ ဆန်စီရိုတွင် အင်တာမီလန်တွင် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ရန် မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
သူဟာ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ဘုန်းမောက်ပွဲအပြီးတွင် အာဖရိကဖလားပြိုင်ပွဲကစားရန် အီဂျစ်သို့ ထွက်ခွာပါမယ်။

image