၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရေဓာတ်ဖြည့်တင်းရန် တစ်ပိုင်းလျှင် ၃ မိနစ်စီ ၂ ကြိမ် အနားပေးလာမည်
=====================
၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တိုင်းတွင် တစ်ပိုင်းလျှင် ၃ မိနစ်နှုန်းဖြင့် ရေဓာတ်ဖြည့်တင်းရန် အနားပေးလာပါမယ်။
ဖီဖာဟာ ကစားသမားများရဲ့ ကျန်းမာရေးကို ဂရုစိုက်တဲ့အနေဖြင့် ကမ္ဘာ့ဖလားပွဲစဉ်တိုင်းတွင် NFL ပွဲစဉ်များကဲ့သို့ပင် ပထမပိုင်းတွင် တစ်ကြိမ်၊ ဒုတိယပိုင်းတွင် တစ်ကြိမ် ၃ မိနစ်စီ ရေသောက်နားချိန်ပေးလာပါမယ်။
ဒိုင်လူကြီးများဟာ တစ်ပိုင်းစီရဲ့ ပွဲချိန် ၂၂ မိနစ်တွင် ကစားသမားများ ရေသောက်နိုင်ရန် ၃ မိနစ် အနားပေးလာမှာလည်း ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး ဆိုးရွားတဲ့ ရာသီဥတုအပူချိန်အပြင် ဟာရီကိန်းပင် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားပါတယ်။
ဖီဖာဟာ ပွဲတိုင်းတွင် တစ်ပိုင်းစီတွင် ၃ မိနစ်စီ ရေသောက်နားချိန်ပေးတဲ့ စနစ်အား ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင် အသုံးပြုလာခဲ့တာလည်း ဖြစ်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အချိန် 32C အထိ ရှိနေမှုနှင့်အတူ ယင်းသို့ ရေသောက်နားချိန် ၃ မိနစ်စီ ပေးတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲစတင်ကစားချိန် ၁၃ ချိန်အထိ ကွဲပြား အသုံးပြုလာပါမယ်။