KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ သိမ်း ဆည်းရမိပစ္စည်းများကိုမီးရှို့ဖျက်ဆီး

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အပိုင်း (၃)နယ်မြေမှ တရားမဝင်အဆောက်အအုံ(၁၂)လုံးကိုလည်းထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံ(၆၃၅)လုံးအနက် (၃၃၃) လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ခဲ့သည့် အဆောက်အအုံ (၁၆၉)လုံးအားပြန်လည်အသုံးချမှုမရှိစေရေးအတွက် ချိပ်ပိတ်သိမ်းဆည်းမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်အထိ (၁၆၁)လုံးကိုချိပ်ပိတ်သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရသည်။

image