မြန်မာ-တရုတ် AI ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ အကောင်ထည်ဖော်ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ညဏ်ရည်တုနည်းပညာ(AI) ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့သို့ ဒီဇင်ဘာ (၅) ရက်နေ့က သွားရောက်ခဲ့ခြင်’ဖြစ်သည်။
အဆိုပါ ခရီးစဉ်တွင် ကွမ်ရှီးကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr.Chen Gang နှင့် ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး အာဆီယံအတွက် နိုင်ငံတကာ AI ပူးပေါင်းဆောင်ရွက်ရေး ဗဟိုအချက်အချာဖြစ်ရန် တရုတ်-အာဆီယံနိုင်ငံများ AI အသုံးချပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနကို အရှိန်မြှင့်တင်တည်ဆောင်နေကြောင်း Mr.Chen Gang က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုပြင် မြန်မာနိုင်ငံနှင့် AI ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
AI အပါအဝင် ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဌာနများ ပေါင်းစပ်ညိနှိုင်းဆောင်ရွက်နေကြောင်းနှင့် အမျိုးသားအဆင့် ညဏ်ရည်တုနည်းပညာမဟာဗျုဟာနှင့် မူဝါဒတို့ကို ရေးဆွဲနေပြီး မကြာမီချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုးလမ်းမကြီးစီမံကိန်း၌ AI ကဏ္ဍ ဖွံ့ဖြိုးရေး ထိရောက်နက်ရှိုင်းသည့် ပူးပေါင်းဖလှယ်ဆောင်ရွက်မှုသစ်များ စဉ်ဆက်မပြတ် အရှိန်မြှင့်တင်ရန်နှင့် အနာဂတ်အသိုက်အဝန်းကောင်းများကို အတူတကွတည်ဆောက်သွားရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

image