ကသာမြို့ဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်လို့‌ ထိခိုက်မှု​တွေရှိ

ကသာမြို့မှာ ဒီဇင်ဘာလ(၇)ရက်ည(၈)နာရီခွဲနောက်(၁၀)နာရီ၊ည(၁၁)မတိုင်ခင်အချိန်တွေမှာမြို့ပတ်လည်ကို လက်နက်ကြီးပစ်ခတ်တာ​တွေကြောင့် လူထိခိုက်တာရှိတယ်လို့ ကနဦးသတင်းရထားပါတယ်။
ကသာမြို့အရှေ့ဘက် ကမ်းကျောက်ထုံးကြီးကအသက်(၄၀)အမျိုးသမီး၊ အသက်ကြီးပိုင်းအမျိုးသမီးတဦး၊ ကသာမြို့အထွက် ကပ္ပလိပ်ရွာကအမျိုးသမီးတဦးထိခိုက်ထားကာ၊ နမ့်စမ်းရွာစာသင်ကျောင်းပေါ်လည်း ကျရောက်ပေါက်ကွဲတယ်လို့သိရပါတယ်။
“လောလောဆယ် ဘယ်အဖွဲ့က ပစ်တယ်လို့ အတိအကျတော့မရသေးဘူး၊ အဲဒီဘက်က ဖုန်းလိုင်းလည်းမမိဘူး၊ မြို့ပတ်လည်ဘက်တွေကိုပစ်ခတ်တာ၊ အသံကြီးတွေကြောက်စရာပါ။ ညကလေယာဉ်လည်းဝဲတယ်"လို့ ကသာမြို့ဒေသခံကပြောပါတယ်။
အခုလိုပစ်ခတ်တာကြောင့် မြို့နေဒေသခံတွေထိတ်လန့်စိုးရိမ်စိတ်တွေရှိနေပြီး အချို့လည်းထုပ်ပိုးသိမ်းဆည်း၊ နေရာရွှေ့ပြောင်းထားတာတွေ စီစဉ်နေတာတွေ့ရပါတယ်။
“ဘာအကြောင်းနဲ့ပစ်တာလဲပေါ့၊ တိုက်ပွဲလည်းမရှိပါဘူး၊ မြို့ကလည်းတည်ငြိမ်သလောက်ရှိပါတယ်။ ခုလိုထိတ်လန့်တကြား ပတ်လည်ပစ်နေတော့ အသက်ကြီးပိုင်းတွေ၊ ကျန်းမာ‌ရေး မ​ေကာင်းတဲ့သူ‌ကိုတော့ တခြားနေရာပို့ထားဖို့လုပ်နေပါတယ်"လို့ ကသာမြို့အနီးနေထိုင်သူ တဦးကဆိုပါတယ်။
အခုလို ရုတ်တရက်လက်နက်ကြီးပစ်ခတ်တဲ့ အ​ကြောင်းအရင်းမှန်ကို မသိရ​ပေမယ့် ၊ ကသာ ခမရ(၃၀၉)နဲ့ အမှတ်(၂)ရဲစခန်းအတွင်းက​နေလည်း ပစ်ခတ်တာရှိတယ်လို့ သိရပါတယ်။

image