လီဗာပူးလ်အသင်းမှာ မိမိ ဓားစာခံဖြစ်ခဲ့
ရတယ်လို့ ဆာလာ ဖွင့်ဟခဲ့ပြီး ဇန်နဝါရီမှာ
အသင်းက ထွက်ခွာဖွယ်ရှိနေ

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာက အသင်းမှာ မိမိ ဓားစာခံဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့
ပါတယ်။
၎င်းက တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မိမိအပေါ် အပြစ်ပုံချခဲ့တယ်လို့လည်း ဝေဖန်ခဲ့တယ်။
စနေနေ့ညနေပိုင်းက ခုနစ်မိနစ်ကြာ အင်တာဗျူးမှာ ဆာလာက အခုလို ဖွင့်ချခဲ့တာဖြစ်တယ်။
ဒါ့အပြင် ၎င်းက အသင်းနည်းပြ အာနယ်ဆလော့နဲ့ ဆက်ဆံရေးကျိုးပျက်ခဲ့ပြီလို့လည်း ဝန်ခံခဲ့ပါတယ်။
ဆာလာဟာ လိဒ်စ်နဲ့ သုံးဂိုးစီသရေကျတဲ့ပွဲမှာလည်း အရန်ခုံသာ ထိုင်ခဲ့ရပြီး ဝက်စ်ဟမ်း၊ ဆန်းဒါးလန်းတို့နဲ့ ပွဲတွေအပါအဝင် သုံးပွဲဆက် ပွဲထွက်ခွင့်
မရခဲ့တာဖြစ်တယ်။
အခုပြောစကားတွေနဲ့အတူ ဆာလာဟာ ဇန်နဝါရီမှာ အသင်းက ထွက်ခွာတော့မယ့် သတင်းတွေလည်း ထွက်လာပါတယ်။
ဆာလာအနေနဲ့ လာမယ့်အပတ် ဘရိုက်တန်နဲ့ အိမ်ကွင်းကစားအပြီး အာဖရိကနိုင်ငံများဖလားမှာ
မိခင်နိုင်ငံ အီဂျစ်အသင်း ကိုယ်စားပြုကစားဖို့ သွားရောက်ရမှာဖြစ်ပါတယ်။

image