ကစားသမားဘ၀ ၄၈ လုံးမြောက်ဖလား
ဆွတ်ခူးခဲ့တဲ့ မက်ဆီ
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ မေဂျာလိဂ်ဖလားနဲ့အတူ ကစားသမားဘ၀ ၄၈ လုံးမြောက်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယခင်ကတည်းက ဆုဖလားအများဆုံးရ ကစားသမားဖြစ်တဲ့ မက်ဆီအနေနဲ့ ဆုဖလားအရေအတွက်ကို ထပ်မံတိုးမြှင့်နိုင်ခဲ့တာပါ။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့အတူ ၂၀၂၃ မှာ Leagues Cup၊ ၂၀၂၄ မှာ Supporters' Shield၊ ၂၀၂၅ မှာ East Conference ဖလားနဲ့ မေဂျာလိဂ်ဖလားစတဲ့ ဖလားလေးလုံး ဆွတ်ခူးခဲ့ပါတယ်။
မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဖလား ၃၅ လုံး၊ PSG အသင်းမှာ ဖလား ၃ လုံး၊ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ဖလား ၆ လုံး၊ အခု အင်တာမိုင်ယာမီအသင်းမှာ ဖလား ၄ လုံးနဲ့ စုစုပေါင်း ဖလား ၄၈ လုံးအထိ ရှိခဲ့တာဖြစ်တယ်။
မက်ဆီဟာ ဖလားအလုံး ၅၀ မြောက် ရည်မှန်းချက်အတွက် ၂၀၂၆ မတ်လမှာ စပိန်အသင်းနဲ့ကစားရမယ့် Finalissima ပွဲစဉ်၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေက စောင့်ကြိုနေပါတယ်။