ပန်တိုဂျာနဲ့ ထပ်မံထိုးသတ်ချင်တယ်လို့ UFC
ဖလိုင်းဝိတ်တန်းချန်ပီယံသစ် ဂျိုရှူအာဗန်
ပြောကြား

UFC ပြိုင်ပွဲ ဖလိုင်းဝိတ်တန်း ချန်ပီယံသစ်
ဖြစ်လာတဲ့ ဂျိုရှူအာဗန်က ချန်ပီယံဟောင်း
ပန်တိုဂျာနဲ့ ထပ်မံထိုးသတ်ချင်တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ပန်တိုဂျာဟာ ဂျိုရှူအာဗန်ကို head kick ကန်ပြီး
ပြန်အကျမှာ မတော်တဆဒဏ်ရာရခဲ့လို့ အရှုံးပေးခဲ့ရတာဖြစ်တယ်။
ဂျိုရှူအာဗန်က ''ဒီတစ်ပတ်လုံး အခုပွဲအကြောင်းပဲ တွေးနေခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပွဲကို အနိုင်ထိုးသတ်သွားမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အခုလိုနည်းလမ်းနဲ့တော့ ပွဲကို အဆုံးမသတ်ချင်ဘူး။
ပန်တိုဂျာ ပြန်ကောင်းလာလာချင်း ကျွန်တော်
ထိုးချင်ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို အများကြီးလေးစားပါတယ်။ သူဟာ ထာဝရအကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ လာမယ့်ပွဲက ဘယ်သူနဲ့ဆိုတာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ သူက ဒါနဲ့ ထိုက်တန်ပါတယ်။ UFC က ဘယ်လိုပဲအလိုရှိရှိ ကျွန်တော်ကတော့ သူနဲ့ ပြန်ထိုးချင်တာ အသေအချာပါပဲ''လို့ ပြောခဲ့ပါတယ်။
ဂျိုရှူအာဗန်ရဲ့ ပထမဆုံးချန်ပီယံကာကွယ်ပွဲနဲ့ ပတ်သက်ပြီး ဂျပန်ကစားသမား တက်ဆူရိုတိုင်ရာနဲ့လည်း သတင်းထွက်နေပါတယ်။
တိုင်ရာဟာ UFC 323 မှာပဲ ဖလိုင်းဝိတ်ချန်ပီယံ နှစ်ကြိမ်ဖြစ်ဖူးသူ ဘရန်ဒန်မော်ရီနိုကို အနိုင်ယူပြီး ကစားသမားဘ၀ အကြီးကျယ်ဆုံးနိုင်ပွဲ ယူထားတာဖြစ်ပါတယ်။

image