ဆယ်လ်တာဗီဂိုကို ရှုံးနိမ့်တဲ့အတွက် ဒေါသထွက်ကြောင်းနဲ့ မန်စီးတီးနဲ့ပွဲမှာ မတူခြားနားတဲ့ပုံစံကို ပြသသွားမယ်လို့ အလွန်ဆို ပြောကြား
ရီးယဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ ရှာဘီအလွန်ဆိုက အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုကို ရှုံးနိမ့်တဲ့အတွက် ဒေါသထွက်ကြောင်းနဲ့ မန်စီးတီးနဲ့ပွဲမှာ မတူခြားနားတဲ့ပုံစံကို ပြသသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ဆယ်လ်တာဗီဂိုကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အပြင် ဂါစီယာနဲ့ ကာရီရက်စ်တို့လည်း ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါကြောင့် အလွန်ဆိုက ''ကျွန်တော်တို့ ဒေါသထွက်ရပါတယ်။ ဒါဟာ ကျွန်တော်တို့ဖြစ်စေချင်တဲ့ပွဲ၊ ဖြစ်စေချင်တဲ့ရလဒ် မဟုတ်ပါဘူး။ မီလီတို ဒဏ်ရာရခဲ့တာကလည်း ကျွန်တော်တို့ကို နာကျင်စေပါတယ်။ ဒါက ပြန်ကောင်းဖို့လည်း ခက်ခဲမှာပါ။ ဒီအခြေအနေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်အောင် ကြိုးစားမှာပါ။ လိဂ်မှာ ပွဲတွေအများကြီး ကျန်ပါသေးတယ်။ ပြီးတော့ စီးတီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ မတူခြားနားတဲ့ပုံစံကို ပြသသွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ ဒီရာသီ လာလီဂါမှာ ဒုတိယမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး (၁၆)ပွဲ ယှဉ်ပြိုင်အပြီးမှာ ထိပ်ဆုံးက ဘာစီလိုနာနဲ့ (၄)မှတ်ကွာဟသွားပါတယ်။
ချန်ပီယံလိဂ်မှာတော့ ရီးယဲလ်အသင်းဟာ (၅)ပွဲကစားရာမှာ (၄)ပွဲနိုင်၊ (၁)ပွဲရှုံးထားတာကြောင့် အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး အခုတစ်ပတ် မန်စီးတီး၊ ပွဲစဉ်(၇)နဲ့ (၈)မှာ မိုနာကို၊ ဘင်ဖီကာတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။