ဒီနေ့ မြန်မာစံတော်ချိန် နေ့လယ်(၃း၃၀)နာရီမှာ မြန်မာအမျိုးသမီးဘောလုံးအသင်း မလေးရှားနဲ့ ယှဉ်ပြိုင်ကစားမယ်
မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ဒီနေ့ မြန်မာစံတော်ချိန် နေ့လယ်(၃း၃၀)နာရီမှာ ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဖိလစ်ပိုင်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး မလေးရှားအသင်းကတော့ လက်ရှိချန်ပီယံ ဗီယက်နမ်ကို (၀-၇)ဂိုးနဲ့ ရှုံံးနိမ့်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာအသင်းက အုပ်စုဒုတိယနေရာမှာ ရှိနေပြီး မလေးရှားအသင်းကတော့ အုပ်စုအောက်ဆုံးရောက်နေပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ညနေ(၆းဝ၀)နာရီမှာ ဖိလစ်ပိုင် - ဗီယက်နမ်ပွဲကိုလည်း ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
အမျိုးသားဘောလုံးပြိုင်ပွဲမှာတော့ မြန်မာအသင်းရဲ့ အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ ဒီနေ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး ဖိလစ်ပိုင်အသင်းသာ အနိုင်ရခဲ့ရင် အုပ်စုပထမနေရာအတွက် အဖြေထွက်သွားတော့မှာဖြစ်ပါတယ်။