လီဗာပူးပူးတွဲပိုင်ရှင်ဟောင်းတွမ်ဟစ် အသက် ၇၉ နှစ်တွင် ကွယ်လွန်
=====================

လီဗာပူးပူးတွဲပိုင်ရှင်ဟောင်းတွမ်ဟစ်ဟာ အသက် ၇၉ နှစ် အရွယ်တွင် ကွယ်လွန်လာခဲ့ပါတယ်။
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဟာ ဂျော့ဂျီးလက်နှင့် အတူ လီဗာပူးရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ၂၀၀၇ ခုနှစ်တုန်းက ဝယ်ယူခဲ့သူ ဖြစ်ပြီး သုံးနှစ်အကြာတွင် Fenway Sports Group ထံ ပြန်လည် ရောင်းချခဲ့ပါတယ်။
မိသားစုဝင်များရဲ့ အဆိုအရ တွမ်ဟစ်ဟာ စနေနေ့တုန်းက တက္ကဆက်ရှိ ဒဲလ်လက်စ်တွင် မိသားစုများ ရှိနေချိန်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။
တွမ်ဟစ်နှင့် ဂျော့ဂျီးလက်တို့ ပိုင်ဆိုင်စဉ်တုန်းက လီဗာပူးဟာ ဘဏ္ဍာရေးပြဿနာများစွာတို့နှင့် ကြုံရကာ ပရိသတ်များရဲ့ ဒေါသထွက်ခြင်းခံခဲ့ရပါတယ်။
၎င်းတို့ လက်ထက်တွင် လီဗာပူးဟာ ပေါင် ၂၃၇ သန်းအထိ အကြွေးတင်ခဲ့သလို အန်ဖီးလ်ကွင်းအား အဆင့်မြှင့်တည်ဆောက်ရေး ကတိပေးခဲ့မှုကိုလည်း ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။
တွမ်ဟစ်ဟာ NHL အသင်း ဒဲလ်လက်စ်စတားကို ၁၆ နှစ်တိုင် ပိုင်ဆိုင်ခဲ့သလို ဘော့စ်ဘောအသင်း တက္ကဆက်ရိန်းဂျားကိုလည်း ၁၂ နှစ်တိုင် ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒဲလ်လက်စ်စတားဟာ တွမ်ဟစ်လက်အောက်တွင် ၁၉၉၇ နှင့် ၁၉၉၈ ခုနှစ်တို့တွင် Central Division ဖလား ရခဲ့သလို နောက်တစ်နှစ်တွင်လည်း Stanley Cup ရရှိခဲ့ပါတယ်။
တက္ကဆက်ရိန်းဂျားမှာလည်း တွမ်ဟစ် ဦးဆောင်စဉ်တုန်းက American League West Division သုံးကြိမ် ရခဲ့သလို 2010 World Series တွင် ဒုတိယ ရရှိခဲ့ပါတယ်။

image