သီရိလင်္ကာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေဘေးသင့်ဒေသများတွင် ရှင်းလင်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာ

သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သည့်သီ တင်းပတ်က ပြင်းထန်ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် လူ ၅၀၀ နီးပါးသေဆုံးခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုက ရှင်းလင်းရေးလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
သီရိလင်္ကာတောင်ပိုင်းတွင် ဒီဇင်ဘာ ၄ ရက်ညအချိန်အထိ ၁၅ နာရီအတွင်း မိုးရေ ချိန်သည် ၁၃၂ မီလီမီတာရှိကြောင်းအာဏာပိုင်များကဆိုသည်။
ရေကြီးရေလျှံမှု ပြင်းထန်နေသော်လည်း လွန်ခဲ့သည့်သီတင်းပတ်ကတည်းက မြင်တွေ့ရသော ကြီးမားသည့် ရေကြီးရေလျှံမှုမှာလျော့ ပါးစပြုလာပြီဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
ဆိုင်ကလုန်းဒစ်ဝါသည် သီရိလင်္ကာနိုင်ငံမှ နိုဝင်ဘာ ၂၉ ရက်တွင် ထွက်ခွာခဲ့ပြီး နောက်ပိုင်း အတည်ပြုသေဆုံးသူ ၄၈၆ ဦးရှိ ကာ ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိသည်ဟုသ ဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာက ဆိုသည်။ကိုလွန်ဘိုမြို့တော်နှင့် မြို့တော် အ နီးတစ်ဝိုက်တွင် ရေများပြန်ကျလာသော ကြောင့် အစိုးရ၏ဒုက္ခသည်စခန်းများတွင်ခို လှုံနေသူအရေအတွက်သည် ၂၂၅,၀၀၀ မှ ၁၇၀,၀၀၀ အထိ လျော့ကျလာခဲ့သည်။
စံချိန်တင် မိုးရွာသွန်းမှုကြောင့်ရေကြီး ရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး သမ္မတ အနူရာကုမာရဒစ်ဆန်နာရာကီက ထိုသဘာဝဘေးအန္တရာယ်သည် သီရိလင်္ကာ တွင် သမိုင်းတစ်လျှောက် စိန်ခေါ်မှုအရှိဆုံး သဘာဝကပ်ဘေးဖြစ်ကြောင်း ပြောကြားခဲ့ သည်။
တောင်ထူထပ်သည့်ဒေသများတွင် မြေ အနေအထားမတည်ငြိမ်သေးသော်လည်း မြေပြိုမှုမကြုံတွေ့ခဲ့သည့်တိုင် ထိုဒေသများ တွင်နေထိုင်သူများအနေဖြင့် နေအိမ်များသို့ ချက်ချင်းပြန်လည်နေထိုင်ခြင်းမပြုရန်တိုက် တွန်းထားသည်။ဂမ်ဘိုလာမြို့တွင် ဒေသခံများသည်ရွှံ့ များနှင့်ရေကြီးမှုကြောင့် အပျက် အစီးများကို ရှင်းလင်းရေးစတင်လုပ်ဆောင်ခဲ့သည်။

image