ပြင်ဦးလွင်ရှိ MSME လုပ်ငန်းများမှနမူနာပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးနေသည့် သုတေသနဌာနခွဲ(ပြင်ဦးလွင်)ကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသရှိ MSME လုပ်ငန်းများမှနမူနာပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးနေသည့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(ပြင်ဦးလွင်ခရိုင်ရုံးခွဲ)၏ သုတေသနဌာနခွဲ (ပြင်ဦးလွင်)ကို နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံ ခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၅ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ စားသောက်ကုန်ဓာတ်ခွဲခန်းများဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ ပြည်တွင်းရှိ စားသောက်ကုန်ဆိုင် ရာဓာတ်ခွဲခန်းများ၊ စက်မှုဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းများ ၊ တိုင်းနှင့် ပြည်နယ်များရှိ MSME လုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားများ၊ မြန်မာ့ SME များရှင်သန်ဖွံဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် ဥပဒေအမိန့်ညွှန်ကြားချက်များနှင့်အညီဆောင် ရွက်ရန်လိုအပ်မှု၊ ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးနိုင်သည့်အခြေအနေနှင့် MSME လုပ်ငန်းများအတွက် ပို့ချမည့်သင်တန်းများ၊ သုတေသနဌာနခွဲ(ပြင်ဦးလွင်)ဖြစ်ပေါ်လာပုံနှင့် ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးနိုင်မှု၊ ဓာတ်ခွဲခန်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက် မှတ်(ISO 17025:2017)ရရှိရေးဆောင်ရွက်နေမှုနှင့် အဏုဇီဝဓာတ်ခွဲခန်းလိုအပ်မှုတို့ကိုလည်း ရှင်းလင်းတင် ပြခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတမှ ပြင်ဦးလွင်ဒေသသည် MSME လုပ်ငန်းများစွာရှိ၍ စားသောက်ကုန်ဓာတ်ခွဲခန်း ဆောင်ရွက်ပေးခြင်းသည် များစွာအကျိုးရှိဖြစ်ပေါ်စေမည်ဟုပြောကြားပြီးနောက် သုတေသနဌာနခွဲ(ပြင်ဦးလွင်)အတွင်း MSME လုပ်ငန်းများမှလက်ခံရရှိသော နမူနာပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်ထားရှိမှုနှင့်ဓာတ် ခွဲစမ်းသပ်နေမှုအဆင့်ဆင့်အားကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော် ယာယီသမ္မတသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းသို့ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်းအူကြောင်းနေရာတစ်လျှောက်ကိုလည်းကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲပြီး အဆင့်မီသည့်လမ်းဖြစ်ပေါ် လာစေရေး၊ ဒေသခံများအဆင့်မီမီအသုံးပြုသွားလာနိုင်ရေးစနစ်တကျတွက်ချက်ဆောင် ရွက်ရန်မှာကြားခဲ့သည်။

image