အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ရာသက်ပန်ပိတ်သိမ်း၍ အမည်မည်းသွင်းခဲ့သော ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီ(၃)ခုအပါအဝင် အေဂျင်စီ(၃၆)ခုစာရင်းကိုအသိပေး

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ရာသက်ပန်ပိတ်သိမ်း၍ အမည်မည်းစာရင်းသွင်းခဲ့သော ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ (၃)ခုအပါအဝင် ကာလအပိုင်းအခြားနှင့်ရာသက်ပန်ပိတ်သိမ်းခဲ့သည့် အေဂျင်စီ(၃၆)ခုစာရင်းကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ စာရင်းအရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများဖြစ်သည့် JJA Support Co.Ltd , JMK Service Co.Ltd , Shwe Poe Myanmar Co.Ltd တို့အား ရာသက်ပန်ပိတ်သိမ်း၍ အမည်မည်းစာရင်းသွင်းခဲ့သည်။
ထို့ပြင် ပိတ်သိမ်းခဲ့သည့် အေဂျင်စီ (၂၄)ခု၊ ပယ်ဖျက်၍ အမည်မည်းစာရင်းသွင်းခဲ့သည့် အေဂျင်စီ(၂)ခု၊ ပယ်ဖျက်ခဲ့သည့် အေဂျင်စီ(၂)ခု၊ ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ် ၂၄ ရက်အထိ (၁)နှစ်ပိတ်သိမ်းခဲ့သည့် အေဂျင်စီ(၁)ခု၊ ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ် ၁၈ ရက်အထိ (၁)နှစ်ပိတ်သိမ်းခဲ့သည့် အေဂျင်စီ(၁)ခုတို့၏ အမည်စာရင်းများကိုလည်း အသိပေးခဲ့သည်။
ထို့အတူ ရာသက်ပန်ပိတ်သိမ်းခဲ့သည့် အေဂျင်စီ(၂)ခုနှင့် လိုင်စင်ပြန်အပ်၍ ရုပ်သိမ်းခဲ့သော အေဂျင်စီ(၁)ခုတို့၏ အမည်စာရင်းများကိုလည်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အသိပေးခဲ့သည်။

image