ဧရာဝတီတိုင်းတွင် ရွေးကောက်ပွဲအပိုင်း (၁)၌ ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်စုနှစ်ခုနှင့် အပိုင်း(၂)၌ သာပေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုနှစ်ခုတို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း UEC ကြေညာ
ဧရာဝတီတိုင်းတွင် ရွေးကောက်ပွဲအပိုင်း (၁)၌ ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်စုနှစ်ခုနှင့် အပိုင်း(၂)၌ သာပေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုနှစ်ခုတို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၅ ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) တို့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဖော်ပြပါနယ်မြေများ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှငဥပဒေပုဒ်မ ၁ဝ စ) အရ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
အဆိုပါမကျင်းပမည့် မြို့နယ်များအနေဖြင့် အပိုင်း (၁)တွင် ပုသိမ်မြို့နယ်ရှိ ဘောမိကျေးရွာအုပ်စုနှင့် မကျီးဇင်ကျေးရွာအုပ်စုတို့ဖြစ်ကြောင်း သိရသည်။
အလားတူ အပိုင်း (၂) တွင် သာပေါင်းမြို့နယ်ရှိ ကျွန်းလျှားကြီးကျေးရွာအုပ်စုနှင့် သစ်ဖြူကျေးရွာအုပ်စုတို့ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။