လူတစ်ဦးအား တစ်သက်လုံး ဝှီးချဲဖြင့် နေရအောင် ကားတိုက်မှုအတွက် ထောင်ဒဏ်ချမှတ်ခံလာရတဲ့ အသက် ၂၀ နှစ်ရှိ ဘောလုံးသမား
===================

ဖီးလစ်ပီလန်ကွီတင်ဟာ လူတစ်ဦးအား တစ်သက်လုံး ဝှီးချဲဖြင့် နေထိုင်ရစေတဲ့ ယာဉ်တိုက်မှု ကျူးလွန်မှုကြောင့် ထောင်ဒဏ်ကျခံလာရပါတယ်။
အသက် ၂၀ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ပေါ်တူဂီကလပ် အက်စ်တိုရဲလ်မှ ဒတ်ချ်ကလပ် ADO Den Haag သို့ အငှားဖြင့် လာရောက်ကစားနေသူ ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါ ပြင်သစ်တရားရုံးတစ်ခုက သူ့ကို ယာဉ်မတော်တဆမှုအတွက် ထောင်ဒဏ် ၁၂ လချမှတ်လာပြီး နောက်ထပ် ၂ နှစ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ချမှတ်လာပါတယ်။
ဒါ့အပြင် သူဟာ ယာဉ်မောင်းခွင့် ၅ နှစ်ပိတ်ပင်ခြင်းခံလာရသလို ယာဉ်တိုက်ခံရသူကိုလည်း နစ်နာကြေးပေးလာရပါဦးမယ်။
သူဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက A1 လမ်းမပေါ်တွင် ယာဉ် ၃ စီးဆင့်တိုက်မှုတွင် အဓိကနေရာမှ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အာမခံမရှိဘဲ ယာဉ်မောင်းခဲ့တာပါ။
လန်ကွီတာဟာ ယာဉ်မတော်တဆကျူးလွန်စဉ်အတွင်း အရက်သောက်ထားသလို ဆေးခြောက်လည်း သုံးထားပါတယ်။ ဒါ့အပြင် သူ့ ယာဉ်တွင် နိုက်ထရပ်စ်အောက်ဆိုဒ်ဗူးလည်း တွေ့ရပါသေးတယ်။
လန်ကွီတာရဲ့ ယာဉ်တိုက်မှုကြောင့် ပြင်သစ်ပြည်ထဲရေးဝန်ကြီးဝန်ထမ်းမှာ အရိုးကျိုးဒဏ်ရာများ ပြင်းထန်စွာ ရရှိပြီး တစ်သက်လုံး ဝီးချဲဖြင့် နေလာရတော့မှာ ဖြစ်ပါတယ်။ ယင်းသို့ ဒုက္ခိဖြစ်သွားမှုနဲ့အတူ သူ့ကို ပြုစုစောင့်ရှောက်ရန် အစ်မဖြစ်သူမှာ အလုပ်မှ ထွက်ခဲ့ရပါတယ်။
လန်းစ်အကယ်ဒမီထွက် နောက်ခံလူဟာ တရားရုံးတွင် သူ့လုပ်ရပ်အတွက် တောင်းပန်မှု ပြုလုပ်သွားခဲ့ပါတယ်။
သူဟာ ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် Den Haag ရဲ့ ကစားခွင့် ရပ်ဆိုင်းခြင်းခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်လာချိန်မှာ‌တော့ စာချုပ်ဖျက်သိမ်းခြင်းခံလာရပါတယ်။

image