1 ပတ် - ဘာသာပြန်ပါ။

ပွဲထွက်ကစားခွင့် နေရာပျောက်ဆုံးပြီးနောက် လီဗာပူးမှ ထွက်ခွာရန် ဆာလက် ဆုံးဖြတ်လာပါက ကမ်းလှမ်းမှု ပြုလုပ်ရန် ဆော်ဒီပရိုလိဂ်အသင့်ရှိနေ
=====================

ဆော်ဒီပရိုလိဂ်ဟာ လီဗာပူးတွင် ပွဲထွက်ကစားခွင့်နေရာ ဆုံးရှုံးရပြီးနောက် မိုဟာမက်ဆာလက်သာ ထွက်ခွာရန် ဆုံးဖြတ်လာပါက ကမ်းလှမ်းမှု ပြုလုပ်ရေး ငွေကြေးထောက်ပံ့ပေးရန် အသင့်ရှိနေပါတယ်။
အသက် ၃၃ နှစ်ရှိ ဆာလက်ဟာ လီဗာပူးတွင် ကစားတဲ့ ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက် အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။
လီဗာပူးတွင် ဖိအားများနှင့် ကြုံနေရတဲ့ အန်းဆလော့ဟာ ဆာလက်အား ဝက်စ်ဟမ်း၊ ဆန်းဒါးလန်းပွဲတို့တွင် နှစ်ပွဲဆက် အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့တာပါ။
The Telegraph က ဆော်ဒီပရိုလိဂ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆာလက်အား ခေါ်ယူရေး ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ယခုတစ်ကြိမ် ထပ်မံ ခေါ်ယူရေး ကြိုးပမ်းရန်အတွက် အခြေအနေအရပ်ရပ်အား စောင့်ကြည့်နေပါတယ်။
ဆာလက်ဟာ နွေရာသီတုန်းက ဆော်ဒီပရိုလိဂ်သို့ ပြောင်းမယ်လို့ ကျယ်ပြန့်စွာ သတင်းထွက်ပေါ်ခဲ့ပြီးမှ ဧပြီလတုန်းက ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
ဆော်ဒီကလပ် Al-Ittihad ဟာ ၂၀၂၃ ခုနှစ်တုန်းက ဆာလက်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရဖူးပါတယ်။
ဆော်ဒီကလပ်များဟာ ၂၀၂၂ ခုနှစ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုအား ခေါ်ယူပြီးနောက် ထိပ်တန်းကစားသမားများကို မက်လောက်စရာငွေကြေးပေးပြီး ဆက်တိုက် ခေါ်ယူနေပါတယ်။
ယခု မိုဟာမက်ဆာလက်မှာလည်း ဆော်ဒီပရိုလိဂ်က လိုချင်တဲ့ အရည်အချင်းနှင့် ဂုဏ်သတင်းကျော်ဇောမှု ရှိနေပါတယ်။
အီဂျစ်စူပါစတားဟာ ယခုရာသီတွင် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၉ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းပြီး ၃ ကြိမ်ဖန်တီးထားနိုင်ပါတယ်။
သူဟာ လီဗာပူးအတွက် ပွဲ ၄၂၀ ကစားထားရာမှာ ဂိုး ၂၅၀ သွင်းပြီး ၁၁၆ ကြိမ် ဖန်တီးထားပါတယ်။

image