1 ပတ် - ဘာသာပြန်ပါ။

ပထမဆုံး Fifa Peace Prize ဆုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဆွတ်ခူး
==================

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲမှုမတိုင်မီ ချီးမြှင့်လာတဲ့ ပထမဆုံး Fifa Peace Prize ဆုအား ဆွတ်ခူးလာပါတယ်။
ယင်းဆုကို ယခုနှစ်တွင် ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုက ဖန်တီးချီးမြှင့်လာတာ ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားတွေ စည်းလုံးရေးအတွက် လုပ်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်အား ချီးမြှင့်လာတာပါ။
ဖီဖာဟာ ဒေါ်နယ်ထရမ့်ကို ချီးမြင့်ရန်အတွက် ယင်း Fifa Peace Prize ဆုကို ဖန်တီးလာတာလို့ အစောပိုင်းကတည်းက ဝေဖန်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ယခု တကယ်တမ်းတွင်လည်း အမေရိကန်သမ္မတကပင် ဆွတ်ခူးလာပါတယ်။
ဒေါ်နယ်ထရမ့်ဟာ Fifa Peace Prize ဆုအဖြစ် ရွှေရောင်ဆုဖလားတစ်ဆုအပြင် ဆုတံဆိပ်တစ်ခုလည်း ရရှိခဲ့ပါတယ်။
ဆုလက်ခံရရှိပြီးနောက် ဒေါ်နယ်ထရမ့်က သူ့ရဲ့ သံတမန်ရေးအရ ကြားဝင် ဆောင်ရွက်မှုများမှ တဆင့် အသက်သန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သလို စလုဆဲဆဲ စစ်ပွဲများလည်း အဆုံးသတ်စေခဲ့ကြောင်း ဂုဏ်ယူစွာ ဆိုသွားပါတယ်။

image