1 ပတ် - ဘာသာပြန်ပါ။

တူရကီလောင်းကစားနှင့် လုပ်ပွဲအရှုပ်တော်ပုံတွင် ပါဝင်မှုကြောင့် နေအိမ်စီးနင်းရှာဖွေခံခဲ့ရတဲ့ ဖီနာဘာချီအသင်းခေါင်းဆောင်
====================

ဖီနာဘာချီအသင်းခေါင်းဆောင်မတ်ဟာကန်ယန်ဒက်စ်ရဲ့ နေအိမ်ဟာ လောင်းကစားနှင့် လုပ်ပွဲအရှုပ်တော်ပုံ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် တူရကီရဲတပ်ဖွဲ့ရဲ့ စီးနင်းရှာဖွေခြင်းခံခဲ့ရပါတယ်။
အစ္စတန်ဘူလ်မှ အစိုးရရှေ့နေများဟာ သောကြာနေ့တုန်းက တူရကီဘောလုံးလောက လောင်းကစားနှင့် လုပ်ပွဲအရှုပ်တော်ပုံစုံစမ်းစစ်ဆေးမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လူ ၂၉ ဦးကို ဖမ်းဆီးရန် အမိန့်ညွှန်ကြားခဲ့ပြီး ယင်းတွင် ကစားသမား ၂၉ ဦး ပါဝင်ပါတယ်။
အသက် ၃၁ နှစ်ရှိ အလယ်တန်းကစားသမားယန်ဒက်စ်မှာ ကြားခံအုပ်စုကို အသုံးချပြီး ဘောလုံးပွဲများကို လောင်းကစားမှု ပြုလုပ်ခဲ့မှုပြုလုပ်ကြောင်း စွပ်စွဲခြင်းခံထားရပြီး တူရကီမီဒီယာများရဲ့ ဖော်ပြမှုအရ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူများတွင် သူ့အသင်းအပါအဝင် ဘောလုံးပွဲများကို လောင်းကစားပြုလုပ်မှုကြောင့် ၉ လပွဲပယ်ခံထားရတဲ့ အသက် ၂၃ နှစ်ရှိ ဂါလာတာစာရေးဗဟိုနောက်ခံလူမီတီဟန်ဘယ်တာခီလည်း ပါဝင်ပါတယ်။
ဘောလုံးသမားများဟာ လုပ်ပွဲပြဿနာရှိနိုင်မှုကြောင့် ဘောလုံးပွဲများအား လောင်းကစားခွင့် ပိတ်ပင်ခြင်းခံထားရပါတယ်။
ဖမ်းဆီးခံရတဲ့ ကစားသမား ၂၉ ဦးမှ ၂၇ ဦးတို့မှာ ကိယ့်အသင်းရဲ့ ပွဲများကိုပါ လောင်းကစားမှု ပြုလုပ်မှုအတွက် ဖမ်းဆီးခံထားရပါတယ်။
အစိုးရရှေ့နေက ဖမ်းဆီးခံရသူ ၄၆ ဦးမှ ၃၅ ဦးကို ဖမ်းဆီးထားနိုင်ပြီးဖြစ်ပါတယ်။ ကျန် ၁၁ ဦးမှ ၅ ဦးမှာ ပြည်ပတွင် ရှိနေတယ်လို့ ယူဆရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် အန်ကာယာစပေါ်ပိုင်ရှင် အာမက်အိုကာတန်နှင့်ဥက္ကဌမီမက်အီမန်ကာတီပိုဂလူ၊ Nazilli Belediyespor ဥက္ကဌဆီဟန်ကာယာနှင့် အခြားနည်းပြ ၂ ဦးလည်း ပါဝင်ပါတယ်။
ဖမ်းဆီးခံရတဲ့ လူ ၆ ဦးမှ ကစားသမားတစ်ဦးမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက Umraniyespor နှင့် Giresunspor ပွဲတွင် လုပ်ပွဲကစားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒါ့အပြင် Adana Demirspor ဥက္ကဌဟောင်းမူရက်ဆန်ခစ်၊ ဒိုင်လူကြီးဟောင်းနှင့် လက်ရှိ ပွဲသုံးသပ်သူ အာမက်ခါကာနှင့် ဇနီးသည်၊၊ အဆင့်မြင့်တန်းလိဂ်ဒိုင်လူကြီးဇော်ဘေကူကပ်ခ်တို့လည်း ပါဝင်ပါတယ်။ ကူကပ်ခ်မှာ ဘဏ်အကောင့်တစ်ခုမှ ငွေအပြောင်းအရွှေ့လုပ်မှုကြောင့် သံသယဝင်ခြင်းခံနေရတာပါ။
နိုဝင်ဘာလတုန်းက တူရကီဘောလုံးအဖွဲ့ချုပ်ဟာ လောင်းကစားမှု ပြုလုပ်တဲ့ ကစားသမားတစ်ထောင်ကျော်တို့အား ပွဲကစားခွင့်ပိတ်ပင်မှု ပြုလုပ်ခဲ့ပါတယ်။
ဂါလာတာစာရေးမှာ တူရကီစူပါလိဂ်ကို ဦးဆောင်နေပြီး ဒုတိယနေရာမှ ဖီနာဘာချီအား တစ်မှတ်ဖြတ်ထားပါတယ်။

image