1 ပတ် - ဘာသာပြန်ပါ။

အနည်းဆုံး ၆ ပတ်ကြာ အနားယူရမယ့် အာဆင်နယ်ရဲ့ မော့စ်ကွီရာ
=================

နောက်ခံလူခရစ္စတီယန်မော့စ်ကွီရာမှာ ဒဏ်ရာကြောင့် အနည်းဆုံး ၆ ပတ်ကြာအနားယူလာရမှာဖြစ်လို့ အာဆင်နယ်တို့ ခံစစ်အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။
စပိန်နောက်ခံလူဟာ ဘရန့်ဖို့ဒ်အား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာအတိမ်အနက်ကို သိရန် နောက်ထပ် ဆေးစစ်ဆေးမှု ပြုလုပ်ရပါဦးမယ်။
အာဆင်နယ်ဟာ အဓိကဗဟိုခံစစ်အတွဲဖြစ်တဲ့ ဆာလီဘာနှင့် ဂါဘရီရယ်တို့ ဒဏ်ရာရရှိနေချိန်တွင် မော့စ်ကွီရာကို ထပ်မံ ဆုံးရှုံးလာရတာပါ။
အသက် ၂၁ နှစ်ရှိ စပိန်နောက်ခံလူရဲ့ လက်ရှိ ဒဏ်ရာအနေအထားအရ ၆ ပတ်မှ ၈ ပတ်အထိ အနားယူရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
အာဆင်နယ်အတွက် သတင်းကောင်းကတော့ ဆာလီဘာမှာ ရက်ပိုင်းအတွင်း ပွဲပြန်ကစားနိုင်ယ့် အခြေအနေတွင် ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂါဘရီရယ်ကတော့ ပေါင်ကြွက်သားဒဏ်ရာကြောင့် ဇန်နဝါရီအထိ ကစားနိုင်မှာ မဟုတ်ပါဘူး။
အာတီတာဟာ ဆာလီဘာနှင့် ဂါဘရီရယ်တို့ ဒဏ်ရာကြောင့် အနားယူနေစဉ် မော့စ်ကွီရာနှင့် ဟန်ကာပီတို့ကို အသုံးပြုနေတာ ဖြစ်ပါတယ်။ ယခုအခါ အာတီတာဟာ ဟန်ကာပီနှင့် တမ်ဘားတို့အား ဗဟိုခံစစ်မှာ အသုံးပြုလာရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ယနေ့ညတွင် တတိယနေရာမှ ဗီလာနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ကလပ်ဘရုဂျက်နှင့် ရင်ဆိုင်ကစားရပါမယ်။

image