2 ရက် - ဘာသာပြန်ပါ။

၂ လကြာ နားရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ထရန်းအလက်ဇန္ဒားအာနိုး
=====================

အင်္ဂလန်နောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးဟာ ဘီလ်ဘာအိုအား အနိုင်ရတဲ့ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရရှိသွားခဲ့ပြီးနောက် နှစ်လကြာ အနားယူလာရပါတော့မယ်။
ညာနောက်ခံလူဟာ ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် ၁၁ ပွဲတည်းသာ ကစားထားနိုင်သူ ဖြစ်ပါတယ်။ သူဟာ ဘီလ်ဘာအိုအား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပထမဆုံးလာလီဂါဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဒုတိယပိုင်း ၁၀ မိနစ်တွင် ပေါင်ကြွက်သားဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
နွေရာသီတွင် လီဗာပူးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့တဲ့ သူဟာ တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူထားခဲ့ရပြီးသူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုဟာ အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ်မှာလည်း ၂၀၂၆ နှစ် အစောပိုင်းအထိ အနားယူနေရမှုနှင့်အတူ အလယ်တန်းကစားသမားဗယ်ဗာဒီကို ညာနောက်ခံလူအဖြစ် အသုံးပြုနေရပါတယ်။

image