အီကွေဒေါပါရမီရှင်အမြွှာညီနောင်ကို အာဆင်နယ် ခေါ်ယူလာ
===================

အာဆင်နယ်ဟာ အီကွေဒေါမှ ပါရမီရှင် အမြွှာညီနောင်အား ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ပရိသတ်များအနေဖြင့် အသက် ၁၆ နှစ်ရှိ အမြွှာညီနောင်တို့ အသက် ၁၈ နှစ်ပြည့်ချိန်တွင်မှ ခေါ်ယူခွင့်ရရှိမှာဖြစ်လို့ မြင်တွေ့ရဖို့ ၂ နှစ်စောင့်ဆိုင်းရပါဦးမယ်။
အက်ဝင်းနှင့် ဟိုလ်ဂျာကွင်တီရို ညီနောင်တို့ဟာ ၂၀၂၇ ခုနှစ် ဩဂုတ်လတွင်မှ Independiente del Valle မှ အာဆင်နယ်သို့ တရားဝင် ပြောင်းရွှေ့လာကြပါမယ်။
ယင်းကလပ်မှာ အာဆင်နယ်နောက်ခံလူပီရိုဟန်ကာပီ ကစားသမားဘဝစတင်ခဲ့ရာ ကလပ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးကွင်းလယ်ကစားသမားကိုင်စီဒိုမှာလည်း ယင်းကလပ်တွင်ပင် ကစားသမားဘဝစတင်ခဲ့တာပါ။
အက်ဝင်းမှာ ဘယ်သန်ညာတောင်ပံကစားသမားတစ်ဦးဖြစ်ပြီး ဟိုလ်ဂျာမှာ ညာသန် အလယ်တန်းတိုက်စစ်သမားဖြစ်ပါတယ်။
ယင်းအမြွှာညီနောင်နှစ်ဦးတိုဟာ အီကွေဒေါယူ-၁၇ အသင်းမှာ ကစားခွင့်ရှိနေကြသူများလည်း ဖြစ်ပါတယ်။
အမြွှာညီနောင်တို့ဟာ Independiente del Valle တွင်ပင် နောက်ထပ် ၂ နှစ်ကစားကာ အရည်အချင်းပိုကောင်းလာရေး ကြိုးစားရပါမယ်။

image