9 ပတ် - ဘာသာပြန်ပါ။

ဆီးကျိတ်ကင်ဆာဝေဒနာခံစားနေရတဲ့ ပရီးမီးယားလိဂ်ဂန္ထဝင်ဆာကာဟစ်စလော့ပ်
==================

ပရီးမီးယားလိဂ်ဂန္ထဝင်ဆာကာဟစ်စလော့ပ်ဟာ ဆီးကျိတ်ကင်ဆာရောဂါဝေဒနာတိုက်ပွဲဝင်နေရပါတယ်။
အသက် ၅၆ နှစ်ရှိ ဟစ်စလော့ပ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၅ နှစ်အတွင်း ဝက်စ်ဟမ်း၊ ရီးဒင်း၊ နယူးကာဆယ်နှင့် ပို့စ်မောက်တို့တွင် ကစားခဲ့သူ ဖြစ်ပါတယ်။
ဂိုးသမားဟောင်းဟာ ၂၀၀၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် ဘောလုံးဝေဖန်ရေးသမားအဖြစ် ဆောင်ရွက်နေခဲ့ပြီး ESPN တွင် ထမ်းဆောင်စဉ်တုန်းက အကောင်းဆုံးဝေဖန်သုံးသပ်နိုင်သူအဖြစ် ပရိသတ်များရဲ့ ချီးကျူးခြင်းခံခဲ့ရပါတယ်။
ထရီနီဒတ်နှင့် တိုဘာဂိုဂိုးသမားဟောင်းဟာ လက်ရှိအချိန်တွင် ၇ ပတ်ခွဲကြာ ဆေးကုသမှုနှင့် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှု ခံယူနေပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၁၈ လတုန်းက ဆေးစစ်ဆေးမှု ခံယူစဉ် ဆီးကျိတ်ကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဟစ်စလောပ်က အသက် ၅၀ နှစ်သို့ ရောက်နေတဲ့ အမျိုးသားတိုင်း ဆီးကျိတ်အင်တီဂျင်စစ်ဆေးမှု ပြုလုပ်သင့်ကြောင်းနှင့် အာဖရိကနွယ်ဖြစ်ပါက အသက် ၄၀ နှစ်တွင်ပင် စစ်သင့်ကြောင်းလည်း တိုက်တွန်းသွားပါတယ်။
ပရိသတ်များဟာ ဆီးကျိတ်ဝေဒနာခံစားနေရတဲ့ ဟစ်စလော့ပ်အား ရောဂါမှ အမြန်ဆုံး ပျောက်ကင်းပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။

image