အမွေခံမရှိသော ကွယ်လွန်သူများ၏ ပိုင်ဆိုင်မှု ဂျပန်အစိုးရ စံချိန်တင်ရရှိ

ဂျပန်အစိုးရဘဏ္ဍာတိုက်သည် ၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် အမွေဆက်ခံမည့်သူ မရှိသော နိုင်ငံသားများ၏ ပိုင် ဆိုင်မှုများကို စံချိန်တင် တန်ဖိုး ၁၂၉ ဒသမ ၁ ဘီလီယံယန်း အထိ ရရှိခဲ့ကြောင်း သတင်းအရ ယင်းမှာ အမေရိကန်ဒေါ်လာ ၈၂၈ သန်း နှင့် ညီမျှသည်။
ယင်းပမာဏသည် နှိုင်းယှဉ်နိုင်သော အချက်အလက်များ ပထမဆုံးရရှိနိုင်သည့် ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် နောက် ပိုင်းအများဆုံး ဖြစ်ကြောင်း တရားရုံးချုပ် သတင်းရင်းမြစ်များထံမှတစ်ဆင့် သိရှိခဲ့ရသည်ဟု ဆိုသည်။
ယင်းပမာဏသည် ၂၀၁၃ ခုနှစ်က ရရှိခဲ့သော ၃၃ ဒသမ ၆ ဘီလီယံယန်းထက် ၃ ဒသမ ၈ ဆ ပိုများလာခဲ့သည်။
မိသားစုတရားရုံးတစ်ရုံးတွင် ခန့်အပ်ထားသော စာရင်းရှင်းဖျက်သိမ်းရေးမှူးက ကျန်နေသောအစိုးရ အခွန်များပေး ဆောင်ခြင်း၊ သင်္ဂြိုဟ်စရိတ်နှင့် အခြားကုန်ကျစရိတ်များကို ရှင်းလင်းပြီးနောက်တွင် အမွေဆက်ခံမည့်သူ မရှိသူများ၏ ပိုင်ဆိုင်မှုအားလုံး အစိုးရဘဏ္ဍာတိုက်သို့ ရောက်ရှိသွားသည်။
ဇနီး (သို့) ခင်ပွန်း၊ သားသမီး၊ မိဘ၊ ဆွေမျိုးများ မရှိခြင်း၊ သို့မဟုတ် သေတမ်းစာကဲ့သို့ စာရွက်စာတမ်းများ မရှိခဲ့ပါက သေဆုံးသူတစ်ဦး၏ ပိုင်ဆိုင်မှုကို မူအားဖြင့် မည်သူကမျှ ဥပဒေနှင့်အညီ ဆက်ခံပိုင်ခွင့်မရှိပေ။
ထိုသို့ အမွေဆက်ခံသူ မရှိသောပိုင်ဆိုင်မှုများ များပြားလာရသည့် အဓိက အကြောင်းရင်းတစ်ခုမှာ တစ်ဦးတည်းနေ ထိုင်သော သက်ကြီးရွယ်အိုများ များပြားလာခြင်းကြောင့် ဖြစ်သည်။
ယင်းမှာလည်း က လေး မွေး ဖွား နှုန်း ကျဆင်းလာခြင်း၊ သက်ကြီးရွယ်အို များလာခြင်းနှင့် တစ်ကိုယ်ရည်နေ ထိုင် သူဦးရေ များပြားလာခြင်းတို့ကြောင့် ဖြစ်သည်။
ကွယ်လွန်သွားသူတွင်အမွေဆက်ခံသူများရှိပါကလည်းအသက်ရနေသောအ မွေဆက်ခံသူများက ယင်းအတွက် အလုပ်ရှုပ်မလိုခြင်းကြောင့် အမွေကို လက် လွတ်ခံလိုက်သည်များလည်းရှိကြောင်း ဂျပန်အမွေဆက်ခံရေးဆိုင် ရာ အစည်းအရုံး ဒုတိယအကြီးအကဲ ရှေ့နေ ယိုရှီဒါရူဟဲက ပြောသည်။
ဆွေမျိုးသားချင်းမရှိသူ သက်ကြီးရွယ်အို ဦးရေမှာ ဆက် လက်မြင့်တက်နေမည်ဟု မျှော်လင့်ရပြီး ရွေးချယ်စရာ တစ်ခုမှာ ၎င်းတို့အား ပြုစုစောင့်ရှောက်သူများ သို့မဟုတ် ပရဟိတအဖွဲ့အစည်းများကို လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

image