9 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမား ၁၀ ဦးစာရင်း ထွက်ပေါ်လာ
======================

ကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမား ၁၀ ဦးစာရင်းထွက်ပေါ်လာခဲ့ပြီ ဘူကာယိုဆာကာမှာလည်း ထိပ်ဆုံး ၁၀ စာရင်းသို့ ထိုးဖောက်ပါဝင်လာနိုင်တာ တွေ့ရပါတယ်။
အာဆင်နယ်စတားဟာ ယခုရာသီတွင် အာဆင်နယ်အတွက် ၄ ဂိုးသွင်းပြီး ၁ ကြိမ် ဖန်တီးကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်အောင် ကူညီပေးထားသူ ဖြစ်ပါတယ်။
သူဟာ ဂျူ့ဘယ်လင်ဂမ်နှင့်အတူ တန်ဖိုးအရှိဆုံးကစားသမား ၁၀ ဦးစာရင်းတွင် အင်္ဂလန်ကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ပါတယ်။
Transfermarkt ရဲ့ဖော်ပြလာမှုအရ ဘာစီလိုနာနှင့် စပိန်စတားလာမိန်းယာမဲလ်က တန်ဖိုး ပေါင် ၁၇၅ သန်းဖြင့် တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ သူဟာ ဒဏ်ရာပြဿနာများနှင့် ကြုံနေရပေမယ့်လည်း ယခုရာသီတွင် ၅ ဂိုးသွင်းကာ ၈ ကြိမ်ဖန်တီးပြီး ခြေစွမ်းပြနေဆဲ ဖြစ်ပါတယ်။
သူ့နောက်တွင် ဂျူ့ဘယ်လင်ဂမ်၊ ကိုင်လီယန်ဘက်ပေးနှင့် အာလင်းဟာလန်းတို့က တန်ဖိုး ပေါင် ၁၅၇ သန်းစီဖြင့် ပူးတွဲ ရပ်တည်နေပါတယ်။
နံပါတ် ၅ နေရာတွင် ဗီနီရှပ်စ်ဂျူနီယာက ပေါင် ၃၁ သန်းဖြင့် ရပ်တည်နေပါတယ်။
ကမ္ဘာ့တန်ဖိုးအရှိဆုံး ၁၀ ဦးစာရင်းတွင် ပီဒရီ(ပေါင် ၁၂၂ သန်း)၊ ဂျာမယ်မူစီယာလာ(ပေါင် ၁၂၂ သန်း)၊ ဘူကာယိုဆာကာ (ပေါင် ၁၂၂ သန်း)၊ အလက်ဇန္ဒားအီဆက်ခ် (ပေါင် ၁၂၂ သန်း)နှင့် ဖလိုရီယန်ဝါ့ဇ် (ပေါင် ၁၁၄ သန်း)တို့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

image