ရှမ်းယူနိုက်တက်ကစားသမား ဟဲဟိုး(ခ) ဟိန်းဖြိုးဝင်း ထိုင်းကလပ်အသင်းသို့ ပြောင်း ရွှေ့
မြန်မာ့လက်ရွေးစင်တောင်ပံကစားသမားဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း၏ ညာတောင်ပံကစားသမားလည်းဖြစ်သူ ဟဲဟိုး(ခ) ဟိန်းဖြိုးဝင်းသည် အသင်းဖြင့် လမ်းခွဲကာ ထိုင်းကလပ်အသင်းသို့ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။
ယခင်က ဟိန်းဖြိုးဝင်းသည် ထိုင်းကလပ် ရက်ချာဘူရီကို သွားရောက်ပြောင်းရွှေ့ကစားခဲ့ဖူးပြီး ၂၀၂၄ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ထိုင်းကလပ်အသင်းသို့ ပြန်လည်သွားရောက် ကစားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဟိန်းဖြိုးဝင်းသည် ရှမ်းယူနိုက်တက်အ သင်းတွင် မြန်မာနေရှင်နယ်လိဂ်အမှတ် ပေးချန်ပီယံဆု ၃ ကြိမ်နှင့် MNL League Cup ၁ ကြိမ်တို့ကို ရယူနိုင်ခဲ့သည်အထိ စီနီယာကစားသမားကောင်းတစ်ဦးဖြစ်ခဲ့ပြီး ယခုကဲ့သို့ ထိုင်းကလပ်အသင်းသို့ ပြောင်းရွှေ့ကစားခြင်းအပေါ်တွင်လည်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ရှေ့ ဆက်အနာဂတ်တွင် အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားသည်။
ဟိန်းဖြိုးဝင်းသည် ဟဲဟိုးမြို့ဇာတိဖြစ်ကာ ရှမ်းယူနိုက်တက်အသင်းသို့ ၂၀၁၆ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ရှမ်းယူနိုက်တက်အသင်းတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ် သည်။