ပြည်တွင်းပွဲ ၂၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းဖြင့် ဂျာမန်ဖလားကွာတားဖိုင်နယ်သို့ တက်လာတဲ့ ဘိုင်ယန်မြူးနစ်
=====================
ဘိုင်ယန်မြူးနစ်ဟာ အက်ဖ်စီယူနီယံဘာလင်ကို အနိုင်ယူကာ ပြည်တွင်းပွဲ ၂၅ ပွဲဆက် ရှုံးပွဲမရှိ မှတမ်းဖြင့် ဂျာမန်ပိုကယ်ဖလားကွာတားဖိုင်နယ်သို့ တက်လှမ်းလာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အန်ဆာရဲ့ OG ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးနောက် ၂၄ မိနစ် ဟယ်ရီကိန်းရဲ့ ခေါင်းတိုက်ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် မိနစ် ၄၀ မှာ ကွာယာဖီးလ်က လက်ထိဘောမှ ရရှိတဲ့ ပင်နယ်တီကနေ ချေပဂိုးရခဲ့ပေမယ့် ပထမပိုင်းနာကျင်အချိန်တွင် ဒီယေဂိုလိုက်တီရဲ့ OG ခေါင်းတိုက်ဂိုးကြောင့် ဘိုင်ယန်တို့ တတိယဂိုး ရရှိခဲ့ပါတယ်။
ဒုတိယပိုင်းတွင် ကွာယာဖီးလ်က ဟယ်ရီကိန်းရဲ့ ပြစ်ဒဏ်ကျူးလွန်မှုမှ ရရှိတဲ့ ရရှိတဲ့ ပင်နယ်တီကနေ ဒုတိယချေပဂိုးသွင်းခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ မတ်လနောက်ပိုင်းတွင် ပြည်တွင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိထားသေးပါဘူး။ ၎င်းတို့ဟာ ပြီးခဲ့တဲ့လတုန်းက ယူနီယံနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲမှ လွဲပြီး ကျန်ပွဲအားလုံး အနိုင်ရထားပါတယ်။
ဟယ်ရီကိန်းဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၂၅ ဂိုးအထိ သွင်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ဂျာမန်ပိုကယ်ဖလားကွာတားဖိုင်နယ်သို့ ဘိုင်ယန်အပြင် ၂၀၂၃ ချန်ပီယံလေဗာကူဆင်၊ လက်ရှိ ချန်ပီယံစတုဂတ်တို့လည်း တက်ရောက်ထားပါတယ်။