၉ လအတွင်း မြေဩဇာတန်ချိန် တစ်သိန်းခွဲကျော် တင်သွင်းရန် ခွင့်ပြုထား
---------------------------

အခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာ လအထိ ၉ လအတွင်း မြေဩဇာတန်ချိန် ၁၅၂၆၄၈ ဒသမ ၀၂ တန်နဲ့ ပိုးသတ်ဆေးတန်ချိန်၂၇၄၉၀ ဒသမ ၅၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင် ရရှိနိုင်ဖို ထောက်ခံဆောင်ရွက်ပေးထားတယ်လို သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ပြောပါတယ်။ ဒီဇင်ဘာ ၂ရက်က ကျင်းပတဲ့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းညှိနှိင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုထည့်သွင်းပြောခဲ့တာပါ။
သွင်းကုန်လိုင်စင်ရရှိပြီး မတင်သွင်းနိုင်သေးတဲ့ ကုမ္မဏီတွေအနေနဲ့လည်း အမြန်တင်သွင်းရမှာဖြစ်ပြီး လိုင်စင်သက်တမ်းအတွင်း အမြန်တင်သွင်းနိုင်ဖိုနဲ့ သက်တမ်းကုန်ရင် ပြန်အပ်နှံရေးတိုကို စီစဉ်ဆောင်ရွက်ရမယ်လို ဆိုပါတယ်။ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဌာနတွေအနေနဲ့လည်း ဓာတ်မြေဩဇာတွေ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာစေရေးနဲ့ အရည်အသွေး မှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနတွေ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြဖိုကိုလည်း ပြည်ထောင်စု၀န်ကြီး ပြောကြားခဲ့ပါတယ်။

image