1 ရက် - ဘာသာပြန်ပါ။

မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှာကြား

မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းမှ ဒီဇင်ဘာ ၁ ရက် နေ့လည်ပိုင်းက ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးဌာနဆိုင်ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးအမှတ်စဉ်(၁၂/၂ဝ၂၅)တွင် မှာကြားခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ ငွေလုံး ငွေရင်း အသုံးစရိတ်ဖြင့်ဆောင်ရွက်သည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများအား အကျဥ်းဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့မှတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့ပြင် တိုင်းအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဌာနဆိုင်ရာ အကြီးအကဲများကဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြသည်။

image