မြန်မာအသင်းများပါဝင်သည့် ဆီးဂိမ်းဘောလုံးပွဲများကို ရုပ်သံလိုင်းများမှ ပြသမည်
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မြန်မာအသင်းများပါဝင်သည့် ဆီးဂိမ်းဘောလုံးပွဲများကို ရုပ်သံလိုင်းများမှ ပြသမည်ဟု သိရသည်။
ပွဲစဉ်များကို MRTV-4 နှင့် Channel-7 ရုပ်သံလိုင်းများ Reader Channel နှင့် Pyone Play Youtube Channel တို့ကလည်းတိုက်ရိုက်ပြသမည် ဖြစ်သည်။
မြန်မာအမျိုးသားအသင်းသည် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖိလစ်ပိုင်အသင်းကို ညနေ ငါးနာရီခွဲ၊ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အင်ဒိုနီးရှားအသင်းကို ညနေ ငါးနာရီခွဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည်လည်း ဖိလစ်ပိုင်အသင်းကို ဒီဇင်ဘာ ၅ရက်နေ့၌ ညနေသုံးနာရီခွဲ၊ မလေးရှားအသင်းကို ဒီဇင်ဘာ ၈ရက်နေ့၌ ညနေ သုံးနာရီခွဲ၊ ဗီယက်နမ်အသင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့၌ ညနေ သုံးနာရီခွဲတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။