စဥ့်ကိုင်မြို့၏အရှေ့-အရှေ့မြောက်ဘက်၁၄ မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
မန္တလေးနှင့် စစ်ကိုင်းမြို့ဝန်းကျင်မှ ငလျင်လှုပ်ခတ်မှုတ်ကို သိသိသာသာခံစားခဲ့ရ
စဥ့်ကိုင်မြို့၏အရှေ့-အရှေ့မြောက်ဘက်၁၄ မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မန္တလေးနှင့် စစ်ကိုင်းတို့တွင် ယနေ့ ငလျင် လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
ယနေ့ (ဒီဇင်ဘာ ၂)ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
“မလှုပ်တာ နည်းနည်းကြာနေလို့ထင်တယ်၊ မမေ့အောင် သတိလာပေးတာ၊ အသံလည်းပါတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်။
ထိုသို့လှုပ်ခတ်မှုကို စစ်ကိုင်းမြို့နေသူများလည်း သိသာစွာ ခံစားရသည်ဟု ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနကမူ စဉ့်ကိုင်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၄)မိုင်ခန့်အကွာ အနက် ၃၃ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ နောက်ဆက်တွဲငလျင် လှုပ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။