ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်း၏ တံတားအမှတ်(၁၅၇)အနီးရထားသံလမ်း မိုင်းခွဲဖျ-က်ဆီးခံရ
မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်း၏ တံတားအမှတ်(၁၅၇)အနီးရထားသံလမ်းအား အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ ဒီဇင်ဘာ ၂ ရက်က မိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။
ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်း၏ စုတည်ဘူတာနှင့် တောင်ဇင်းဘူတာကြား ရထားလမ်းပိုင်းအား မြန်မာ့မီးရထားမှတာဝန်ရှိသူများက နံနက် ၈ နာရီ ၅၀ မိ နစ်ခန့်တွင်သွားရောက်စစ်ဆေးစဉ် ရထားလမ်းမိုင်တိုင်အမှတ် ၃၈၁/၁၅-၁၆ ကြား ပေ(၂၀)အရှည်ရှိ သံဘောင်တံတားအမှတ်(၁၅၇)အနီး၌ အကြမ်းဖက်အဖွဲ့ကမိုင်းထောင်ဖော-က်ခွဲဖျ-က်ဆီးခဲ့သဖြင့် ရထားသံလမ်းအရှေ့ဘက်ခြမ်း သံလမ်းဖိနပ်(၁)ပေခန့်ပဲ့ထွက်ပျ-က်စီးပြီး ဇလီဖားတုံး(၃)တုံးကျိုးပဲ့နေ၍ စုတည်-တောင်ဇင်း ရထားလမ်းပိုင်းအား နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်တွင် ယာယီပိတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေရှင်းလင်းမှုများပြုလုပ်ပြီးနောက် မြန်မာ့မီးရထားဝန်ထမ်းများက သံလမ်းအားဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်းများကို အမြန်ဆုံးပြုလုပ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ခန့်တွင် လမ်းပိုင်းအားပြန်လည်ဖွင့်လှစ်ခဲ့ရာ အပတ်စဉ်ပြေးဆွဲလျက်ရှိသည့် ရန်ကုန်-ပုဂံ အမှတ်(၆၁)အဆန်လူစီးရထားနှင့် အမှတ်(၆၂)အစုန် ပုဂံ-ရန်ကုန်လူစီးရထားများ ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖေ-ာက်ခွဲဖျ-က်ဆီးမှု(၈၃)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖေ-ာက်ခွဲဖျ-က်ဆီးမှု(၁၇၉)ကြိမ်၊ ဘူတာအဆောက်အဦးနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျ-က်ဆီးမှု(၁၆)ကြိမ်ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။