1 ရက် - ဘာသာပြန်ပါ။

မြန်မာ-လာအိုနှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူ ထောင်မှု နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့၌ကျင်းပ
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများတက်ရောက်

လာအိုနိုင်ငံတည်ထောင်သည့် နှစ်(၅၀)ပြည့် နှစ်ပတ်လည်နှင့် မြန်မာ-လာအိုနှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဧည့်ခံပွဲအား ယနေ့ ဒီဇင်ဘာ ၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ကျင်းပခဲ့သည်။
ဧည့်ခံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတက်ရောက်ခဲ့ပြီး အခမ်းအနားအား မြန်မာနိုင်ငံတော်သီချင်း၊ လာအိုနိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် လာအိုနိုင်ငံသံအမတ်ကြီးတို့မှ လာအိုနိုင်ငံတည်ထောင်သည့် နှစ်(၅၀)ပြည့် နှစ်ပတ်လည်နှင့် မြန်မာ-လာအိုနှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကိတ်ခွဲပေးခဲ့ကြပြီး လာအိုနိုင်ငံသံ အမတ်ကြီးက ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။
ဧည့်ခံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုး ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်တို့လည်း တက်ရောက်ခဲ့ကြသည်။
ထိုပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှုး ၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ သံရုံးယာယီဝာာဝန်ခံများ၊ ကုလသမဂ္ဂဌာနေဆိုင်ရာ ကိုယ်စားလှယ်များ၊ မြန်မာ-လာအိုချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများလည်းတက်ရောက်ခဲ့ကြသည်။

image