ပြင်ဦးလွင်ဒေသ၌ ပန်းစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရန် ကျွမ်းကျင်ပညာရှင်များနှင့် စနစ်တကျဆောင်ရွက်ရမည်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ပန်းစိုက်ပျိုးထုတ်လုပ် မှုတိုးတက်စေရေးနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသ မ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ အ မျိုးသားကန်တော်ကြီးဥယျာဉ်ထိန်းသိမ်းထားရှိမှုအားကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်ရမည်ဖြစ်ပြီး ဒေ သပန်းမျိုးများ၊ နိုင်ငံခြားဖြစ်ပန်းမျိုးများအားလုံးဖြစ် ထွန်းအောင်မြင်အောင်ဆောင်ရွက်၍ အခြားဒေသများသို့ဖြန့်ချိနိုင်ရမည်ဖြစ်သည့်အပြင် ပြည်ပနိုင်ငံများသို့လည်း ပန်းများတင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးမှုများကိုအားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။
ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာအသုံး ချ၍ ပန်းမြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီအောင်ဖော်ဆောင်ရမည်ဖြစ်ကာ ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအ တွက် ကျွမ်းကျင်ပညာရှင်များနှင့်စနစ်တကျဆက် လက်ဆောင်ရွက်ရမည်ဖြစ်ကာ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေးတိုးတက်အောင် သက်ဆိုင်ရာ သုတေသ နအဖွဲ့များကဆောင်ရွက်ရန်လိုပြီး အခြားဒေသမှ ပန်းမျိုးကောင်းမျိုးသန့်များကို ဒေသတွင်းအောင်မြင်ဖြစ် ထွန်းစွာဖူးပွင့်နိုင်ရေးအတွက် စမ်းသပ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
" ဥယျာဉ်နေရာအပြင် မြို့တွင်းကလမ်းတွေ၊ ရပ်ကွက်တွေမှာလည်း သစ်ပင်ပန်းမန်တွေစိုက်ပျိုးပြီး မျက်စိပ သာဒဖြစ်အောင်ဆောင်ရွက်ဖို့လိုပါတယ်။ ပြင်ဦးလွင်မြို့ရဲ့ တောင်ဘက်ပိုင်းမှာ သစ်တောဖုံးလွမ်းမှုရှိစေဖို့ကို ပြန်လည်ဆောင်ရွက်ရပါမယ်။ နောက် ပြင်ဦးလွင်ဒေသရဲ့ စိမ်းလန်းစိုပြေမှုနဲ့ အေးမြသာယာတဲ့ ရာသီဥတုကို ဆက်လက်ထိန်းသိမ်းကြရပါမယ်"ဟု နိုင်ငံတော် ယာယီသမ္မတက မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရွှံ့နွံလျှောက်လမ်းဆောင်ရွက်ထားမှု၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးထိန်း သိမ်းထားမှု၊ ဒေသပန်းမျိုးများသုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်းအတွင်း သုတေသနပြုစိုက်ပျိုးစမ်း သပ်ထားမှု၊ ရေကန်ပတ်လမ်းများဆောင်ရွက်ထားမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ရွှံ့နွံလျှောက်လမ်းပေါ်တွင် လူ အများသွားလာကြမည်ဖြစ်၍ သစ်အမျိုးအစားကောင်းများအသုံးပြုခင်းကျင်းရန်၊ ကြံ့ခိုင်သပ်ရပ်မှုရှိအောင်ဆောင်ရွက်ရန်၊ ဒေသပန်းမျိုးများအား စနစ်တ ကျသုတေသနပြုလုပ်ပြီး အပင်သက်တမ်း၊အပွင့်သက် တမ်းမြင့်မားစေရေး၊ ပွင့်အားကောင်းမွန်မှုရှိစေရေး ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတသည် ကန်တော်ကြီးပတ်လမ်းနှင့် ခြံစည်းရိုးဆောင်ရွက်ထားရှိမှုအားကြည့် ရှုစစ်ဆေးပြီး လျှောက်လမ်းနံဘေး၌ အလှပန်းမန်များ စိုက်ပျိုးရန်၊ သန့်ရှင်းသာယာမှုရှိစေရေးဆောင်ရွက်ရန်၊ လမ်းလျှောက်သူများဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးအတွက် လိုအပ်သည်များဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
ကန်တော်ကြီးပတ်လမ်းခြံစည်းရိုးနှင့် လူသွားလမ်းအား လူသွားလမ်းအကျယ် (၇)ပေမှ (၁၂)ပေ၊ လမ်းအရှည် (၁,၉၀၀)ပေရှိလမ်းနှင့် ခြံစည်းရိုးအားပြုပြင်တည် ဆောက်ခဲ့သဖြင့် အများပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာဖြင့် ကန်တော်ကြီးပတ်လမ်းတစ်လျှောက်အနားယူ အပန်းဖြေလမ်းလျှောက်ခြင်းများဆောင်ရွက်နိုင်မည်ဖြစ်သည်။

image