ပြင်ဦးလွင်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ၌ နေအိမ်များထပ်မံဆောက်လုပ်နေ
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို စနစ်တကျနေရာချထားပေးရန် နိုင်ငံတော် ယာယီသမ္မ တမှာကြား
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ် ရာ၌ နေအိမ်အဆောက်အအုံများကိုတိုးချဲ့တည် ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် အိမ်ရာများ၌ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို စနစ် တကျနေရာချထားပေးရန်၊ အဆောက်အအုံများတည် ဆောက်ရာတွင် သတ်မှတ်ကာလအတွင်းပြီးစီးမှုရှိစေရန်၊ စံချိန်စံညွှန်းပြည့်မီမှုရှိစေရေး စနစ်တကျကြပ် မတ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့ပြင် အိမ်ရာတွင်နေထိုင်သူများ ကျန်းမာရေး အ ထောက်အကူပြုရန် ကိုယ်လက်လှုပ်ရှားအားကစားပြု လုပ်ရန်နေရာများထည့်သွင်းတည်ဆောက်ရန်၊ အထပ်မြင့်အဆောက်အဦများကို သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်အောင် စနစ်တကျတွက်ချက်ဆောက်လုပ်ရန်တို့ကိုလည်း မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော် ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းကြည့်ရှုစစ်ဆေးပြီး အိမ်ရာတွင်နေထိုင်သည့် စစ်မှု ထမ်းဟောင်းများ၊ မိသားစုဝင်များအားနှုတ်ဆက်ကာ လိုအပ်ချက်များကိုမေးမြန်းခဲ့သည်။
အဆိုပါ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့်နေအိမ်(၂)ခန်းတွဲ (၄)ထပ် (၁၀)လုံး၊ အ ခြားအဆင့်နေအိမ်(၄)ခန်းတွဲ (၆)ထပ် (၁၀)လုံး၊ အရာရှိငယ်နေအိမ်(၄)ခန်းတွဲ (၆)ထပ် (၃)လုံး၊ အရာရှိကြီးနေ အိမ်(၄)ခန်းတွဲ (၆)ထပ် (၁)လုံးတို့ကိုဆောက်လုပ်ပြီးစီးပြီဖြစ်ကာ အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များကိုလည်း ထပ်မံဆောက်လုပ်ပေးသွားမည်ဖြစ်သည်။