9 ပတ် - ဘာသာပြန်ပါ။

ပြင်ဦးလွင်ဘူတာကြီးအား နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာကြီးအား ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက ဘူတာရုံအတွင်း သန့်ရှင်းသာယမှုရှိစေရေးဆောင်ရွက်ထားရှိမှု၊ ဘူတာရုံဧရိယာအတွင်း တရားမဝင်ဝင်ရောက်နေထိုင်သူများ၊ စီးပွားရေးလုပ်ငန်းဝင်ရောက်လုပ်ကိုင်နေသူများအားဖယ်ရှားရှင်းလင်းပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
နိုင်ငံတော် ယာယီသမ္မတမှ ဘူတာရုံဧရိယာအတွင်း စနစ်တကျဖြစ်စေရေးစီမံဆောင်ရွက်ရန်နှင့် လိုအပ်သည်များကိုမှာကြားပြီး ဘူတာရုံအတွင်းကြည့်ရှုစစ်ဆေးခဲ့သည်။

image