9 ပတ် - ဘာသာပြန်ပါ။

လယ်ယာထွက်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံများတွင် စီးပွားရေးသံမှူးများ ခန့်အပ်ဆောင်ရွက်လျက်ရှိ

မြန်မ့ာလယ်ယာထွက်ကုန်များ ကမ္ဘ့ာဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ဈေးကွက်ရှာဖွေနိုင်ရေးနှင့် အမယ်သစ်ပို့ကုန်များ တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံများတွင် စီးပွားရေးသံမှူးများ ခန့်အပ်ဆောက်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောသည်။
ယမန်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ရှိ ဆန်စက်၌ မြို့မိမြို့ဖများ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံပို့ကုန်ကဏ္ဍနှင့် သွင်းကုန်ကဏ္ဍ လွယ်ကူချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ နိုင်ငံတကာကုမ္ပဏီများ စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များသည် နိုင်ငံဝင်ငွေရရှိရေးအတွက် အဓိကနေရာမှ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ကွင်းဆက်လုပ်ငန်းစဉ်တွင် လိုအပ်သောပစ္စည်းများနှင့် သွင်းအားစုများကို နိုင်ငံတော်ကနေ ပြည်ပမှ လစဉ် ဝယ်ယူဖြည့်တင်ပေးနေကြောင်းလည်း ဦးချစ်ဆွေက ပြောသည်။
ကမ္ဘာ့ဈေးကွက် လိုအပ်ချက်နှင့်အညီ ဈေးကွက်ဝင်ထုတ်ကုန်များဖြစ်စေရေး ဈေးကောင်းရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

image