အီကွေဒေါဆယ်ကျော်သက် အမြွာကစားသမားနှစ်ဦးကို အာဆင်နယ် ခေါ်ယူမယ်
အာဆင်နယ်အသင်းဟာ အီကွေဒေါကလပ် အင်ဒီပန်ဒီယန်တေဒယ်ဗယ်လေအသင်းက ဆယ်ကျော်သက် အမြွာကစားသမားနှစ်ဦးဖြစ်တဲ့ အက်ဒ်ဝင်ကင်တဲရိုးနဲ့ ဟိုလ်ဂါကင်တဲရိုးတို့ကို အနာဂတ်မှာခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့
သိရပါတယ်။
၁၆ နှစ်အရွယ် ညီအစ်ကိုနှစ်ဦးဟာ အသက် ၁၈ နှစ်ပြည့်မယ့် ၂၀၂၇ ခုနှစ် သြဂုတ်လမှာ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းပါလိမ့်မယ်။
၎င်းတို့နှစ်ဦးဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ အင်္ဂလန်ကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။
ဆယ်ကျော်သက်ကစားသမား နှစ်ဦးစလုံးက တိုက်စစ်အားသန်သူတွေဖြစ်ပေမဲ့ အက်ဒ်ဝင်က တောင်ပံမှာကစားကာ ဟိုလ်ဂါကတော့ ကွင်းလယ်တိုက်စစ်ကစားသမား ဖြစ်ပါတယ်။
အင်ဒီပန်ဒီယန်တေဒယ်ဗယ်လေအသင်းဟာ လက်ရှိအသင်းနောက်ခံလူ ဟင်ကာပိုင် ကစားခဲ့တဲ့အသင်းဖြစ်ပြီး ချယ်လ်ဆီးကွင်းလယ်လူ ကိုင်စီဒိုကိုလည်း မွေးထုတ်ပေးခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ အောက်တိုဘာလကလည်း အိုင်ယာလန်ကလပ် ရှမ်ရော့ခ်ရိုဗာအသင်းက ၁၆ နှစ်အရွယ် အိုဟီယန်ဗူနာကိုလည်း ၁၈ နှစ်ပြည့်မယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီမှာ ခေါ်ယူဖို့ သဘောတူညီမှု ရထားပါတယ်။