ခရစ္စတယ်ပဲလေ့စ်နဲ့ မာတက်တာတို့ စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု ရပ်ဆိုင်း

ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး မာတက်တာဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
ဒါကြောင့် ၎င်းအနေနဲ့ အသင်းမှာ ကာလကြာရှည်ဆက်ရှိမယ့် အနာဂတ်ဟာ မသေမချာဖြစ်လာ
ခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်လည်းဖြစ်တဲ့ မာတက်တာဟာ ပဲလေ့စ်အသင်းနဲ့ ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေတာပါ။
အခုနှစ်အစောပိုင်းကတည်းက စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးခဲ့ပြီး အစပိုင်းမှာ အပြုသဘောဆောင်
ခဲ့ပေမဲ့ လက်ရှိမှာ ရပ်တန့်နေတာဖြစ်တယ်။
မာတက်တာဟာ ပရီးမီးယားလိဂ်မှာ အန္တရာယ်
အရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလမှာ ပြင်သစ်အသင်းနဲ့
ပွဲထွက်ခဲ့ပြီး သုံးပွဲမှာ နှစ်ဂိုး သွင်းယူထားပါတယ်။

image