ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လာရောက်ပူးပေါင်းပြီဖြစ်သည့် တိုက်စစ်မှူး မေထက်လူ

ဆီးဂိမ်းစ်ပြိုင်ပွဲဝင်အတွက် တိုက်စစ်မှူး မေထက်လူမှာ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် လာရောက်ပူးပေါင်းပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
တိုက်စစ်မှူး မေထက်လူသည် ယမန်နေ့က အမေရိကန်နိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပြီး အသင်းနှင့်အတူ ပူးပေါင်းခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှတဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် အသင်းတည်းခိုရာ ချွန်ဘူရီမြို့ရှိ Classic Kameo Hotel သို့ ရောက်ရှိခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်းသည်အုပ်စု (ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့် အတူကျရောက်နေသည်။
(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးပွဲစဉ်များကို ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် ဒီဇင်ဘာ အစောပိုင်း၌ ကျင်းပသွားမည်ဖြစ်သည်ဟု အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။

image