အမျိုးသမီး Nations League ချန်ပီယံဆုကို စပိန်အသင်း နှစ်ကြိမ်ဆက်ဆွတ်ခူး

စပိန်အမျိုးသမီးအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီး Nations League ဗိုလ်လုပွဲဒုတိယအကျော့မှာ ဂျာမနီအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို နှစ်ကြိမ်ဆက်ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။
အဝေးကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပေမဲ့ အိမ်ကွင်းမှာ ကစားရတဲ့ ဒုတိယအကျော့မှာတော့ စပိန်အသင်းက ပီနာ(၂ ဂိုး)၊ လိုပက်ဇ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
အမျိုးသမီး Nations League ပြိုင်ပွဲကို ၂၀၂၃-၂၄ ရာသီမှာမှ စတင်ကျင်းပခဲ့တာဖြစ်ပြီး အဲဒီရာသီမှာလည်း စပိန်အသင်းက ဗိုလ်စွဲခဲ့သလို၊ ဒုုတိယအကြိမ်ကျင်းပတဲ့ ဒီနှစ်ပြိုင်ပွဲမှာလည်း ထပ်မံဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲရဲ့ တတိယလုပွဲမှာတော့ ပြင်သစ်က ဆွီဒင်ကို နှစ်ကျော့ပေါင်း(၄-၃)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဗိုလ်လုပွဲဒုတိယအကျော့ရဲ့ အကောင်းဆုံးကစားသမားဆုကို နှစ်ဂိုးသွင်းခဲ့တဲ့ စပိန်တိုက်စစ်မှူး ကလော်ဒီယာပီနာက ရရှိခဲ့ပြီး အခုနှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ စပိန်ကွင်းလယ်ကစားသမား ပူတဲလက်စ်က ရရှိခဲ့ပါတယ်။

image