မန်စီးတီးသို့ ရောက်လာပြီး သုံးလအကြာမှာဘဲ ဘယ်သူမှ မလိုချင်တဲ့ ပရီးမီးယားလိဂ်မှတ်တမ်းဆိုး ပိုင်ဆိုင်ဖို့ နီးစပ်နေတဲ့ ဒွန်နာရမ်မာ
=================

ဂီယန်လူဂီဒွန်နာရမ်မာဟာ မန်စီးတီးသို့ ရောက်လာပြီး သုံးလအကြာမှာဘဲ ပရီးမီးယားလိဂ်သမိုင်းမှတ်တမ်းဆိုးပိုင်ဆိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
အီတလီနံပါတ်တစ်ဂိုးသမားဟာ အဝါကတ်ပြသခြင်းခံရကာ ပွဲပယ်ခံရတဲ့ ပထမဆုံးပရီးမီးယားလိဂ်ဂိုးသမားအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ဖို့ လက်တစ်ကမ်းအလိုသို့ ရောက်နေတာလည်း ဖြစ်ပါတယ်။
သူဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ပီအက်စ်ဂျီမှ ပြောင်းလာပြီးနောက် မန်စီးတီးအတွက် ၁၀ ပွဲကစားတည်းသာ ကစားထားရပါသေးတယ်။
သူဟာ စနေနေ့တုန်းက လိဒ်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် အဝါကတ်ပြသခြင်းခံရပြီးနောက် စတုတ္ထမြောက် အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
သူဟာ မန်စီးတီးတွင် ကစားစဉ်အတွင်း ပြစ်ဒဏ်ကျူးလွန်မှုအတွက် အဝါကတ် ၃ ကြိမ်၊ အချိန်ဆွဲမှုကြောင့် အဝါကတ် ၁ ကြိမ် ပြသခြင်းခံထားရပါတယ်။
အသက် ၂၆ နှစ်ရှိ အီတလီလက်ရွေးစင်ဂိုးသမားဟာ ယနေ့ည ဖူလ်ဟမ်နှင့်ပွဲအပြင် နောက်ထပ် လာမယ့် လိဂ်ပွဲ ၅ ပွဲတွင် အဝါကတ်ပြသခြင်းခံလာရပါက ၁ ပွဲပယ်ခံလာရပါမယ်။
သူဟာ ယခုရာသီ ၁၉ ပွဲမြောက်ပွဲအဖြစ် နှစ်သစ်ကူးနေ့ ဆန်းဒါးလန်းပွဲအထိ အဝါကတ်နောက်ထပ် ပြသခြင်းမခံရပါက အဝါကတ် ၁၀ ကတ်ပြည့်မှသာ ပွဲပယ်ခံရပါမယ်။
တဖက်တွင် မန်စီးတီးနည်းပြပက်ဂွါဒီယိုလာအနေဖြင့် ဒွန်နာရမ်မာ ပွဲပယ်ခံရပါကလည်း အသုံးပြုရန် အင်္ဂလန်ဂိုးသမားဂျိမ်းစ်ထရက်ဖို့ဒ် ရှိနေပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ နွေရာသီတွင် ဘန်လေမှ ပေါင် ၃၁ သန်းဖြင့် မန်စီးတီးသို့ ပြန်လည် ပြောင်းလာပြီးနောက် နံပါတ် ၁ ဂိုးသမားအဖြစ် ၆ ပွဲကစားခွင့်ရခဲ့ပေမယ့်လည်း ဒွန်နာရမ်မာ ရောက်လာပြီးနောက် အရန်ဂိုးသမားအဖြစ် ကစားနေရပါတယ်။

image