ခပေါင်းချောင်းထဲ အမျိုးသားတစ်ဦးခုန်ချပျောက်ဆုံးနေ
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ခပေါင်းချောင်းထဲခုန်ချသွားခဲ့သည့် အမျိုးသားတစ်ဦးအား ယနေ့(ဒီဇင်ဘာ ၁ ရက်) မွန်းတည့် ၁၂ နာရီအထိရှာဖွေမတွေ့ရှိသေးကြောင်း Save The Trees Rescue Team ထံမှသိရသည်။
ခပေါင်းချောင်းထဲခုန်ချသွားခဲ့သူမှာ အသက်(၇၀) ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးဖြစ်ကြောင်း၊ ယမန်နေ့(နိုဝင်ဘာ ၃၀ ရက်) မွန်းလွဲ ၃ နာရီခန့်ကခုန်ချသွားခြင်းဖြစ်ကြောင်း Save The Trees Rescue Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ခုန်ချသွားတဲ့သူကကျွန်တော်တို့ရွာကပါ။ သူကဆိုင်ကယ်ကယ်ရီမောင်းတယ်။ သူ့မိန်းမကလည်းလေဖြတ်နေတော့ သူ့မှာစားစရိတ်တွေ၊ ဆေးဖိုးတွေလည်းရှိနေ၊ သူတို့စီးပွားရေးလည်းအဆင်မပြေဘူး" ဟု Save The Trees Rescue Team မှတာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင်ဒေသခံပရဟိအသင်းများနှင့်ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။