ဘင်္ဂလားဒေ့ရှ်တွင် ၂၀၀၉ ခုနှစ်က တပ်တွင်းပုန်ကန်မှုတစ်ခုအတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာက အမိန့်ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် ပြောကြား
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်က နယူးယောက်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို တွေ့ရစဉ်(Photo: AFP)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် တပ်တွင်းပုန်ကန်မှုတစ်ခုအတွင်း ဒါဇင်နှင့်ချီသည့် စစ်တပ်ထိပ်သီး အရာရှိများအပါအဝင် လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်ခံရမှုတွင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက သတ်ဖြတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်ရင်း (BDR) မှ စစ်သားများသည် ၂၀၀၉ ခုနှစ်က ဒါကာမြို့ တော်တွင် စတင်ခဲ့ပြီး နိုင်ငံတစ်ဝန်း ပျံ့နှံ့သွားခဲ့သည့် နှစ်ရက်ကြာ ပုန်ကန်မှုအတွင်း စစ်တပ်အရာရှိများအပါအဝင် လူ ၇၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ဟာဆီနာအာဏာရလာပြီးနောက် သီတင်းပတ်အနည်းငယ်သာ သက်တမ်းရှိသေးသည့် ၎င်းင်း၏ အစိုးရအဖွဲ့ကို တည်ငြိမ်မှု ပျက်ယွင်းစေခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကော်မရှင်၏အစီရင်ခံစာတွင် ထိုအချိန်က ဟာဆီနာဦးဆောင်ခဲ့သည့် Awami League အစိုးရအဖွဲ့သည် တပ်တွင်းပုန်ကန်မှုနှင့် တိုက်ရိုက်ပတ်သက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖက်ဇ်လီ နျူအာတာပို့ရှ်သည် ထိုအချိန်က ဟာဆီနာ၏ခွင့်ပြုချက်ဖြင့် သတ်ဖြတ်မှုများပြုလုပ်ရန် ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အကြီးအကဲ ဖက်ဇ် လာ ရာမန်က ပြောကြားခဲ့သည်။