မြစ်ကြီးနားအကျဉ်းထောင်၌ ထောင်တွင်း ကောက်သစ်စားပွဲတောာ် ကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနာ အကျဉ်းထောင်၌ ယမန်နေ့ နိုဝင်ဘာ(၃၀)ရက်နေ့က ထောင်တွင်းကောက်သစ်စား ကျေးဇူးတော် ချီးမွှမ်းပွဲကို ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲကို YCC အကျဉ်းထောင်သာသနာက ဦးစီးကျင်းပပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲကို အကျဉ်းထောင်တာဝန်ရှိသူများ၊ အကျဉ်းသား/အကျဉ်းသူများနှင့်အတူ အတူတကွစုပေါင်းပါဝင်ခွင့်ရသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကောင်းချီးမင်္ဂလာများ ပြည့်စုံစေပြီး ပျော်ရွှင်သော ဘဝများကို ဆက်လက်လျှောက်လှမ်းနိုင်ကြရန်လည်း ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း သိရသည်။
ထိုပြင် အကျဉ်းထောင်ရိုးရာကောက်သစ်စားကျေးဇူးတော်ချီးမွမ်းပွဲအတွက် အလှူငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။