အရှေ့တောင်အာရှ၌ ရေဘေးသင့်သူ ၄ သန်းကျော်ရှိ၊ လူ ၆၀၀ကျော် ‌ေ-သဆုံး

အရှေ့တောင်အာရှသုံးနိုင်ငံတွင် မိုးသည်းထန်းစွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံကာ မြေပြို၍ ‌ေ-သဆုံးသူ ၆၀၀ ကျော်လာခဲ့ကြောင်း အရာရှိများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံများရှိ ထောင်ပေါင်းများစွာသော ရေဘေးရှောင်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
မလက္ကာရေလက်ကြားတွင် ရှားရှားပါးပါးဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းကြောင့် အဆိုပါသုံးနိုင်ငံတွင် မိုးသည်းထန်မှုနှင့် လေပြင်းတို-က်ခတ်မှုများသည် ရက်သတ္တပတ်ကြာဖြစ်ပွားခဲ့ပြီး ပျ-က်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ‌ေ-သဆုံးသူ ၄၃၅ ဦး၊ ထိုင်းတွင် ၁၇၀ ဦးနှင့် မလေးရှားနိုင်ငံတွင် သုံးဦးရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါသုံးနိုင်ငံတွင် လူဦးရေ ထောင်ပေါင်းများစွာကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး လက်ရှိတွင် ရေများပြန်ကျနေပြီဖြစ်သည့်တိုင် တနင်္ဂနွေနေ့တွင် ကူညီကယ်ဆယ်ရေးတာဝန်ရှိသူများသည် ရေဘေးသင့်ဒေသများစွာကို ရောက်ရှိနိုင်ရန် ကြိုးစားနေရဆဲဖြစ်သည်။
တရားဝင်စာရင်းဇယားများအရ ရေဘေးသင့်သူ ၄ သန်းကျော်ရှိနေရာတွင် ထိုင်းတောင်ပိုင်း၌ လူဦးရေ သုံးသန်းနီးပါးနှင့် အင်ဒိုနီးရှားအနောက်ပိုင်းတွင် ၁ ဒဿမ ၁ သန်းခန့်ရှိသည်။
သီးခြားဖြစ်ရပ်အနေဖြင့် ဘင်္ဂလားပင်လယ်အော်ရှိ သီရိလင်္ကာနိုင်ငံတွင် ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့၍ လူ ၁၅၃ ဦး ‌ေ-သဆုံးခဲ့ကာ ၁၉၁ ဦး ပျေ-ာက်ဆုံးလျက်ရှိကြောင်းနှင့် နိုင်ငံတစ်ဝန်းတွင် ရေဘေးသင့်သူ သန်းတစ်ဝက်ကျော်ရှိနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

image