တောင်ငူ ဓါတ်အားခွဲရုံစီမံကိန်း ရာခိုင်နှုန်း (၈၀)ကျော် ပြီးစီးနေပြီဖြစ်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် စပါးကြွယ်ကျေးရွာအနီး တည်ဆောက်နေသည့် ၅၀၀ ကေဗွီ စပါးကြွယ် တောင်ငူဓါတ်အားခွဲရုံ စီမံကိန်းသည် (၈၁ ဒဿမ ၀၇)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီနေပြီးဖြစ်ကြောင်း သိရသည်။
စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုပမ်းဆောင်ရွက်နေကြောင်းနှင့်အဆိုပါ စီမံကိန်းတည်ဆောက်နေသည့် အခြေအနေများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးညဏ်ထွန်းက ယမန်နေ့ က သွားရောက်ကြည့်ရူခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သွားသည့် Shunt Reactor Bushing ပျက်ဆီးသွားမှုကို အမြန်ဆုံးစစ်ဆေးပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း နှင့် သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်သွားလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စပါးကြွယ်(တောင်ငူ) - ဘုရားကြီး ဓါတ်အားလိုင်းသည် (၁၀၈ဒဿမ၃၄)မိုင်ရှည်လျားပြီး တာဝါတိုင်ပေါင်း(၃၆၉)တိုင်ဖြင့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။