လူကယ်ပြန် ပြည်ထောင်စုဝန်ကြီ းဒေါက်တာစိုးဝင်းမှ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ကို တွေ့ဆုံ
လူကယ်ပြန် ဝန်ကြီးဌာနနှင့် UNFPA ကြားပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား ဒီဇင်ဘာ ၁ ရက်မွန်းလွဲပိုင်းက တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် UNFPA မှ ငလျင်ဘေးသင့်ဒေသများအတွက် Dignity Kits များထောက်ပံ့ပေးခဲ့မှု၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား ဝန်ဆောင်မှုပေးသည့်စင်တာ (OSWSC)များတွင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် UNFPA မှ ထောက်ပံ့ပေးနေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ခွင့်ဗီဇာများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNFPA တို့ကြား ကျား၊ မ တန်း တူညီမျှရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းအစီအစဉ် Workplan အား သက်တမ်းတိုးလက်မှတ်ရေးထိုး၍ လုပ်ငန်းများဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။